🌿_10

1.3K 133 6
                                    


​ဆော့ဂျင်​ဒေါကြီး​မောကြီးဖြင့်​အိမ်​ထဲသို့ဝင်​လာကာ.....

"ဂျွန်​ဂျောင်​ကု!!!"

"ကိုကြီး... ဘာဖြစ်​လာတာလဲဟင် ​ဘာဖြစ်​လို့လဲ "

​ဆော့ဂျင်​လက်​သီးကျစ်​ကျစ်​ဆုပ်​ထားပြီး​ဒေါသတကြီး​အော်​လိုက်​တော့ ဆမ်​မီ"ကအနား​ပြေးလာပြီး​အလန့်​တကြား​မေးလာသည်​။ ကျန်​တဲ့အိမ်​အကူအလုပ်​သမား​တွေကလည်း သူ့ကိုကြည့်​ပြီး​ကြောက်​ရွံ့စွာဖြင့်​တ​စ်ဟိုဟိုတစ်​ဟင်​ဟင်ဖြစ်​နေကြသည်​။

"ဂျွန်​ဂျောင်​ကုဘယ်​မှာလဲ....!!"

"ဟို..ဟို..သူ့အခန်းထဲမှာထင်​တယ်​ကိုကြီး.."

​ဆော့ဂျင်​အ​ပေါ်ထပ်​သို့ဒုန်းစိုင်းတက်​သွားရင်း​
အ​နောက်​ကိုပြန်​လှည့်​ကြည့်​ကာ...

"ဘယ်​သူမှတက်​မလာကြနဲ့..!!"

🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥

ဒုန်းးဒုန်းးးးး....

"တခါးဖွင့်​စမ်း!..ဂျွန်​ဂျောင်​ကု..!!!!"

​ဆော့ဂျင်​နောက်​တစ်​ချက်​ထပ်​ထုမယ်​လုပ်​တော့ တခါးပွင့်​လာသည်​။

ဂျ​လောက်​...

​ဂျောင်​ကု တခါးဖွင့်​ဖွင့်​လိုက်​ချင်း စကား​ပြောမို့ကြံတုန်းရှိ​သေး...

ခွပ်​!!

သူအထိုးခံလိုက်​ရခါ​ကြောင်​အသွားပြီး ​မော့ကြည့်​လိုက်​စဉ်​သူ့အ​ရှေ့ကလူသားက ​ဒေါသတကြီးဖြင့်​သူ့လည်​ပင်းက​ကော်​လံစကိုလာဆွဲ​လေသည်​...။

"မင်း​ အောက်​တန်းကျလှချည်​လားဂျွန်​ဂျောင်​ကု!!!..
ငါ့ကို မင်းဘာထင်​နေလဲ...ဟမ်​! မင်းမှာအဲ့လိုစိတ်​ဓာတ်​ရှိမှန်းသိခဲ့ရင် ​ငါ့အိမ်​အရိပ်​တောင်​အနင်းမခံခဲ့ဘူး!!"

​ဂျောင်​ကုရင်​ထဲဆစ်​ခနဲပဲ။ သူဘာမှနားမလည်​တော့
ဝင်​ဝင်​လာခြင်းသူ့ကိုဆွဲထိုးသည်​။အခုလည်း​မျက်​လုံး​တွေနီရဲ​တောက်​ပြီး​ ဒေါသတကြီးဖြင့်​သူ့ကိုရင့်​ရင့်​သီးသီး​တွေ​ပြော​နေ​လေသည်​။

"ခဏ​လေးJin ကျွန်​တော်​ဘာအမှားလုပ်​မိ......"

"မ​ခေါ်နဲ့..!! ငါ့ကိုအဲ့လိုအမည်​တပ်​မ​ခေါ်နဲ့..
ငါမင်းထက်​အငယ်​မဟုတ်​ဘူး!!"

BUNCH {စည်း}Complete ✔️Where stories live. Discover now