ဆော့ဂျင် ဟိုနေ့ကအကြောင်းတွေသူပြန်မတွေးပေမယ့် ခေါင်းထဲကိုအစီအရီပေါ်ပေါ်လာနေသည်။ဂျွန်ဂျောင်ကုကသူ့ကိုပေါ်တင်စိန်ခေါ်သွားခဲ့တာ
သူကြောက်နေတာမျိုးတော့မဟုတ်ပေမယ့် ဂျွန်ဂျောင်ကုက ဘာကိုမှဂရုမစိုက်ဘဲတဇွတ်ထိုးလုပ်တတ်တာ
အဲ့နေ့က သူ့ကုမ္ပဏီ၊ သူ့ရုံးခန်းထိလာစော်ကားသွားခဲ့တာမဟုတ်လား။သူဒီအကြောင်းတွေပြန်တွေးမိသွားတော့
ဒေါသလည်းထွက် ရှက်လည်းရှက်မိသည်။အမှန်ဆို သူလည်းယောကျာ်းတစ်ယောက်ပဲလေ
ဒီလိုတခြားယောကျာ်းတစ်ယောက်ကအနိုင်ကျင့်တာကို ခံလိုက်ရတာကြီးကတော့.......
သူကသူ့လိုမျိုးလူရမ်းကားတစ်ယောက်မဟုတ်လို့
ခံလိုက်ရတယ်ဆိုပေမယ့် သူ့သိက္ခာနဲ့မာနတော့ထိခိုက်သွားတာအမှန်ပင်။သူအောက်ထပ်ဆင်းလာပြီး dining roomထဲဝင်လာတော့ "မီမီ"ကမနက်စာပြင်ပေးနေပြီး သူ့ကိုပြုံးပြကာနှုတ်ဆက်လာသည်။
"morning ကိုကြီး"
"ကိုကြီးအကြိုက်တွေချည်း"မီမီ"ပြင်ပေးထားတာ
ညစာရောဘာစားချင်လည်း"မီမီ"ချက်ပေးမယ်လေ""နေပါစေ ကိုကြီးကဘာနေနေစားပါတယ်
အစားမရွေးပါဘူး အပင်ပန်းခံမနေနဲ့ဟုတ်ပြီလား""ဟယ် တော်ပြီလား ကိုကြီးက...."
"ဒီလောက်ဆိုဗိုက်ထဲတော်တော်ဝင်သွားပြီလေ...
ရုံးကနောက်ကျလို့မဖြစ်လို့....""သွားပြီ သွားပြီ "မီမီ"
ဆော့ဂျင် ကော်ဖီခွက်ကိုအကုန်မော့ချလိုက်ပြီး
ကားဆီထွက်လာခဲ့တော့သည်။ သူ"မီမီ"ကိုမျက်နှာချင်း သိပ်မဆိုင်ရဲဘဲ မလုံမလဲဖြစ်နေသည်။
သူအပြစ်လုပ်ထားတာမဟုတ်ပေမယ့် "ဂျွန်ဂျောင်ကု"က "မီမီ"သဘောကျနေတဲ့သူဆိုတဲ့အသိနဲ့တင်
သူ"မီမီ့"ကိုမျက်နှာပူနေမိသည်။သူ့ကားလေး ကုမ္ပဏီသို့မောင်းထွက်လာသည်။ဒီနေ့က တနင်္လာနေ့ဆိုတော့ သူရုံးပြန်တက်ရတော့မည်။
သူတို့ဖြစ်ခဲ့တာသောကြာနေ့ကဆိုတော့ ကြားထဲအိမ်မှာ နှစ်ရက်နားလိုက်ရလို့တော်သေးသည်ပြောရမည်။
မဟုတ်လျင်သူ့မှာရှက်လွန်းလို့။သူတို့ဖြစ်ခဲ့တာသူ့ရုံးခန်းထဲမှာ ဘယ်သူမှမမြင်ဘူးဆိုပေမယ့် "ဂျွန်ဂျောင်ကု"က
အမဲဖျက်နေတဲ့အတိုင်းပဲ ရိုင်းစိုင်းနေတာခဲ့မဟုတ်လား....
YOU ARE READING
BUNCH {စည်း}Complete ✔️
Fanfiction"ခင်ဗျားတစ်ယောက်တည်း တစ်ဖက်သတ်ကြီးခြားထားတဲ့စည်းကိုကျုပ်ကဂရုစိုက်မယ်ထင်လို့လား" JEON JUNG KOOK💜 "အဓိပ္ပါယ်မရှိတာတွေလုပ်ဖို့ငါကခွင့်ပြုမယ်ထင်နေလို့လား" KIM SEOK JIN 🩷