🌿_16

1.3K 148 11
                                    


ဆော့ဂျင် အိပ်ယာထဲဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်ဖြင့် အိပ်မပျော်နိုင်ဖြစ်နေသည်။
မနက်က ဂျောင်ကုပြောခဲ့တဲ့စကားတွေကို ထပ်ခါထပ်ခါစဉ်းစားရင်း သူအတွေးများနေမိသည်။
တကယ်ပဲ "မီမီ"က ဂျောင်ကုကိုစိတ်ဝင်စားမနေဘူးလား?။

နေပါဦး စိတ်မဝင်စားတော့ရောဘာဖြစ်လဲ
သူကဒါကို ဘာလို့အရေးတယူလုပ်ပြီးစဉ်းစားနေရမှာလဲ
ဂျောင်ကုသူ့ကိုဖက်ထားတုန်းကလည်း သူမရုန်းဘဲ ငြိမ်နေမိခဲ့တာ ဂျောင်ကုပြောလာသည့်စကားတွေကိုနားထောင်ပြီး သူရင်တွေတောင်ခုန်နေမိခဲ့တာ ဂျောင်ကုသတိမထားမိတာပဲ တော်သေးသည်ပြောရမည် ။
ဒါက ဘယ်လိုဖြစ်အင်ကြီးပါလိမ့် သူတခါမှမဖြစ်ဖူးဘူးရယ်....

တွေးကြည့်ရင် တကယ်ရှက်စရာကောင်းလိုက်တာ
သူအသက်၃၀သာရောက်လာတယ် ဒီလိုကိစ္စတွေနဲ့မရင်းနီးခဲ့ဖူးဘူး ကျောင်းတက်တုန်းကလည်း စာပဲကြိုးကြိုးစားစားလုပ်ခဲ့တာ ကျောင်းပြီးသွားတော့လည်း လုပ်ငန်းတွေဦးစီးပြီးသူ့ညီမလေးအတွက်ပဲ တွေးပေးစဉ်းစားပေးရင်း နေလာခဲ့တာ အချစ်ဆိုတာဘာမှန်းတောင်သူသိခဲ့တာမဟုတ်။

~~~~~~~~

"ဟယ် ကိုကြီး ရေတွေအောက်ကိုလျှံကျနေပြီလေ..."

"ဟင်?..."

သူငုံ့ကြည့်လိုက်တော့ ဖန်ခွက်ထဲကရေတွေအောက်လျှံကြနေသည်။

"ဟယ်တော် ရေသောက်မလို့ငှဲ့နေတာမဟုတ်ဘူးလား?
မသောက်တော့ဘူးလားကိုကြီး..."

သူနောက်ကိုတလှည့် လက်ထဲကကိုင်ထားတာကိုတလှည့်ကြည့်မိမှ ရေထည့်ထားတဲ့ဖန်ခွက်ကိုထားခဲ့ပြီး သူ့လက်ထဲရေခရားကြီးယူချလာတာကို သတိထားမိလေသည်။

သေပါပြီ ။ကင်ဆော့ဂျင်ရယ် ဘာတွေဖြစ်နေတာလဲ?

"ကိုကြီး နေမကောင်းဘူးလားဟင်
စိတ်ဖိစီးတာတွေများနေလို့လား...."

"မ မဟုတ်ပါဘူး.....
ရားးး ကင်မ်ဆမ်မီ အကြီးကို အဲ့လိုပြောစရာလား
ငါဘယ်မှာကယောင်ချောက်ချားဖြစ်နေလို့လဲ...."

BUNCH {စည်း}Complete ✔️Where stories live. Discover now