Ending

2.6K 161 21
                                    


ဂျောင်ကု ဆော့ဂျင်ကိုသန့်ရှင်းပေးပြီး အဝတ်အစားထူထူထည်းထည်းလေးအမြန်ဝတ်ပေးလိုက်သည်။တော်ကြာ အအေးမိပြီးဖျားသွားမှာစိုးရိမ်ရသည်။
"ဂျင့်"ကို အဝတ်အစားလဲပေးပြီး
သူလည်းရေချိုးခန်းထဲဝင်ကာသန့်စင်လိုက်ပြီး
"ဂျင့်"ဘေးနားလေးတိုးကပ်အိပ်လိုက်တော့သည်။

~~~~~~~~~~~~

ဆော့ဂျင်နိုးလာတော့ ခန္ဓာကိုယ်ကလန်းဆန်းမနေ
မအီမသာနဲ့နေလို့မကောင်းဖြစ်နေသည်။
ဘေးကိုလှည့်ကြည့်လိုက်တော့ ဂျောင်ကုကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၏။ သူညကအကြောင်းတွေ ပြန်တွေးမိတော့ ဖျင်းကနဲတောင်ဖြစ်သွားသည်။
ရှက်ဖို့ကောင်းလိုက်တာ။ ဘာလို့များသူ့ကိုသနားပြီးခွင့်ပြုပေးလိုက်မိပါလိမ့်။ အခုတော့သူ,မအီမသာနဲ့နေလို့မကောင်းဖြစ်နေရပြီ။ သူစောင်လေးနဲနဲလှပ်ဟကြည့်လိုက်တော့ သူ့ကိုယ်ပေါ်မှာလုံလုံခြုံခြုံပဲ အဝတ်အစားတွေရှိနေသည်။
ဒါတွေ "ဂျောင်ကု"ကအကုန်လုပ်ပေးထားတယ်ဆိုတာ တွေးမိပြန်တော့ သူ့မျက်နှာဘယ်နားထားရမှန်းတောင်မသိ ရှက်စရာကောင်းလိုက်တာ။

"ဂျင်..."

"နိုးနေပြီလား...."

ဂျောင်ကုနိုးလာကာ အက်ရှရှအသံနှင့်သူ့ကိုကြည့်လာပြီးမေးတော့ သူ့ခန္ဓာကိုယ်လေးဆတ်ကနဲတုန်သွားရသည်။သူတောင့်တောင်ကြီးနေနေပြီး ဘာမှပြန်မဖြေတော့ သူ့နဖူးပေါ်လက်တင်ပြီးစမ်းလာတော့သည်။

"ကိုယ်ငွေ့ငွေ့လေးပူနေတာပဲ ဖျားသွားပြီထင်တယ်"

"နေသာရဲ့လားဟင်...ဘယ်လိုနေသေးလဲ"

သူကဂရုဏာသက်စွာမေးနေပေမယ့် သူဘယ်လိုပြန်ဖြေရမှာလဲ။နေလို့မကောင်းတာမှန်ပေမယ့် မဖြေချင်ဘူး။
သူပြန်မဖြေတော့ ဂျောင်ကုကထထိုင်လိုက်ပြီး နဖူးစမ်းလိုက် ပါးကိုင်လိုက်နဲ့ ပွေ့တော့မလိုချီတော့မလိုနဲ့ဗျာများနေတော့သည်။

"ဂျင်...မသက်သာလို့လားဟင် မောင့်ကိုဖြေပါဦး"

"မောင်ဆရာဝန်ခေါ်လိုက်မယ် ခဏနေဦးနော်..."

"မခေါ်နဲ့...."

ထိုအခါမှနှာခေါင်းသံလေးနဲ့ တိုးတိုးလေးဖြေလာတော့သည်။

BUNCH {စည်း}Complete ✔️Where stories live. Discover now