🌿_4

1.6K 173 8
                                    



ဆော့ဂျင် ဂျောင်ကုကို သိပ်ပြီးသဘောမတွေ့ပေမယ့်
ဘာမှတော့မပြောလိုပေ။
မီမီကသာ ဒီလက်ထပ်ပွဲကိုမငြင်းလိုလျှင် သူလည်းလက်ခံပေးရမှာမဟုတ်လား။
ဂျွန်ဂျောင်ကုရဲ့အဖိုးက ကတိကဝတ်တွေနဲ့ကမ်းလှမ်းလာတဲ့အပြင် ကလေးတွေအချင်းချင်းသဘောကျမှသာလို့ပြောလာခဲ့သည်။
တကယ်ဆို  သူက မီမီရဲ့အုပ်ထိန်းသူဖြစ်တယ်ဆိုပေမယ့် အရာရာတိုင်းတော့ မလွမ်းမိုးမချုပ်ချယ်ချင်ပါ။
သူသာ ဂျွန်ဂျောင်ကုကိုသဘောမကျဘူးဆို မီမီကလည်း ဂျွန်ဂျောင်ကုကို လက်ထပ်မည်မဟုတ်ဘူးဆိုတာ
သူအတတ်ပြောနိုင်သည်။
ဘာလို့လဲဆို သူ့ညီမလေးက သိပ်ကိုလိမ္မာရေးကြားရှိသလို သူ့ကိုလည်း ချစ်ကြောက်ရိုသေသည်လေ။

~~~~~~~~~~~~~~~~~~~~~~~~~~

ဂျောင်ကုသူဒီအိမ်ကိုရောက်နေတာ တစ်ပတ်လောက်တော့ရှိပြီ။ ဆမ်မီနဲ့တော့ မိတ်ဆွေသဘောမျိုးခင်ခင်မင်မင်ရှိပေမယ့် ရင်းနီးချင်တဲ့လူနဲ့ကတော့ တစ်နေ့တစ်နေ့ စကားကို
ဆယ်ခွန်းတောင်ပြည့်အောင်မပြောဖြစ်ချေ။
ဒါတောင်သူ့ဘက်က အကြောင်းမရှိအကြောင်းရှာ စကားစစပြောနေလို့သာ....
သူ့မှာတော့ သူမဟုတ်သလိုမျိုး ဒီလူချမှတ်ထားသည့်စည်းကမ်းတွေလိုက်နာလိုက်ရ။မနက်အစောထရ။
မျက်နှာရိပ်မျက်နှာကဲကြည့်ရနဲ့ သူကသာငြိုငြင်မှာစိုး၍ တစ်ယောက်တည်းပျာယာခတ်နေတာ ထိုလူကတော့
ခပ်တည်တည်ခပ်တင်းတင်းပါပဲ။

"အဟမ်း"

ခြေချိတ်ပြီးထိုင်ကာ စာဖတ်နေသည့်လူရဲ့အနားကိုသွားကာ ချောင်းတစ်ချက်ဟန့်လိုက်တော့ သူ့ကိုလှည့်တောင်ကြည့်မလာသည့်ထိုလူသား။ မာနတွေထိလိုက်တာ😐
သူလည်းခွင့်တောင်းမနေတော့ဘဲ ရှေ့တည့်တည့်မှာဝင်ထိုင်လိုက်တော့ သူ့ကိုမျက်လုံးလှန်ကြည့်လာသည်။
(အလုပ်ဖြစ်သားပဲ) သူလည်းခပ်တည်တည်ပြန်စိုက်ကြည့်လိုက်တော့...

"ပြောစရာရှိလို့လား"

"အမှတ် ဘယ်လောက်ရပြီလဲသိချင်လို့"

"ဘာအမှတ်လဲ"

"စည်းကမ်းတွေ အကုန်လိုက်နာတယ်လေ~~
တကယ်ဆို ကျွန်တော့်ပုံစံကအဲ့လိုလူစားမျိုးမဟုတ်ဘူး
ပြီးတော့...မျက်နှာလေးလည်း တစိမ့်စိမ့်~~ 
အဲလေ မျက်နှာရိပ်မျက်နှာကဲလည်းကြည့်ပြီးနေပါတယ်လို့"

"ဆိုတော့...မင်းပြောချင်တာက ငါ့ညီမနဲ့သဘောတူပေးဖို့ မင်းကြိုးစားထားတဲ့အမှတ်
ဘယ်လောက်ရပြီလဲသိချင်တာဆိုပါတော့~~~
မင်းက ငါ့ဆီမှာအလုပ်လာလျှောက်တာလည်းမဟုတ်သလို စာမေးပွဲလာဖြေနေတာလည်းမဟုတ်ဘူး"
"အဲ့တော့  ငါ့ဘက်ကပေးစရာအမှတ်မရှိဘူး "

"ပြီးတော့..... မင်းအမှတ်လာတောင်းတဲ့လူမှားနေတယ်"

"မမှားပါဘူး ကျွန်တော်လိုချင်တာ ခင်ဗျားဆီကပဲကို"

"ဘာရယ်"

ဆော့ဂျင်နားမလည်စွာ မျက်​မှောင်​ကြုတ်​ကြည့်​လိုက်​တော့ သူ့ကို စိုက်​ကြည့်​နေတဲ့ ဂျွန်​ဂျောင်​ကုရဲ့မျက်​လုံး​တွေနဲ့ အကြည့်​ချင်းစုံမိသွားသည်​။
​ဆော့ဂျင်​ပြန်လည်​စိုက်​ကြည့်​လိုက်​ပြီး။

"ငါက ငါ့ညီမအ​ပေါ်မှာချုပ်​ကိုင်​တယ်​လို့မင်းမြင်​ပြီး
မင်းနဲ့ငါ့ညီမကို သ​ဘောမတူမှာစိုးရိမ်​နေတာမလား
အကိုတစ်ေ​ယာက်​ရဲ့အတ္တက​တော့ ကိုယ့်​ညီမကို​လူ​စိတ်​ရှိတဲ့လူ​ကောင်းလက်​ထဲပဲ ထည့်​ပေးချင်​ကြတာချည်းပဲ"

"ဒါ​ပေမယ့်​ဒီကိစ္စမှာ မီမီ့ဆုံးဖြတ်​ချက်သာလျင်​အဓိကမလို့ငါဝင်​ပြီးဖိအား​ပေးမှာကို မင်းစိတ်​ပူစရာမလိုဘူး...
ပြီး​တော့ မင်းကိုအမှတ်​ထိုင်​ပေးရ​လောက်​အောင်​အားမ​နေဘူး ပုံမှန်​တိုင်းဆက်​ဆံ"

​ပြောချင်​ရာ​တွေ​ပြောပြီး ထထွက်​သွားတဲ့​ဆော့ဂျင်​ကို​ဂျောင်​ဂုပါးစပ်​အ​ဟောင်းသားနဲ့သာ ထိုင်​ကြည့်​နေလိုက်​တော့သည်​။

"အဖိုး​ပြော​တော့ အဖက်​ဖက်​ကပြည့်​စုံပြီးအရမ်းတော်တာတဲ့
သူညံ့တဲ့နေရာလည်းရှိသေးသားပဲ လူကဲခက်တော်လိုက်ပုံများ......."

BUNCH {စည်း}Complete ✔️Where stories live. Discover now