ဂျောင်ကုအခု ဂျင့်ရဲ့ကုမ္ပဏီကိုလာနေတဲ့လမ်းမှာဖြစ်သည်။သူတစ်ဇွတ်ထိုးလုပ်တော့မှာပင်........
ကင်ဆော့ဂျင်က ထိုကိစ္စတွေပြီးကတည်းက
သူ့ကိုနည်းနည်းလေးမှတောင်အဖက်မလုပ်တော့
သူ့ဘက်ကဆက်သွယ်တော့လည်း....
"မင်းနဲ့ငါ့ကြားမှာပြောစရာစကားဆိုလို့ အဲ့တုန်းကကူညီခဲ့တာတွေအတွက်ကျေးဇူးတင်စရာစကားပဲရှိတယ်ထင်တယ်အဲ့ထက်ပိုပြီးပြောစရာစကားရှိမယ်မထင်ဘူး"တဲ့လေ
သူ့ကိုအတွေ့လည်းမခံသလို Phဆက်ရင်လည်းမကိုင်ချေ။ကင်မ်ဆော့ဂျင်က သူ့စိတ်ကိုဆွနေတာပဲ
တကယ်ဆိုသူ့ပုံစံကအခုလိုနဲ့တခြားစီ
သူအများကြီးကိုအလျှော့ပေးထားခဲ့တာ။
ဒါပေမယ့်ဒီလူသားကမရဘူးဘဲ......ကိုယ်ကအနုနည်းနဲ့ပဲသွားချင်ခဲ့တာပါ။ အခုတော့ကြမ်းမှရတော့မည်။
ဂျောင်ကု ကုမ္ပဏီကိုရောက်တော့ ဘယ်သူ့မှအဖက်လုပ်မနေဘဲ ဂျင့်ရုံးခန်းဆီတန်းသွားပြီး တခါးကိုဆောင့်ဖွင့်လိုက်သည်။ ခါတိုင်းသူဒီကိုလာတိုင်း ကင်မ်ဆော့ဂျင်ရဲ့အတွင်းရေးမှူးက CEOဒီမှာမရှိဘူးနဲ့အမျိုးမျိုးအကြောင်းပြလေသည်။ဒီနေ့တော့ မရတော့ဘူးပြောပြီးပြီမလား
သူတဇွတ်ထိုးလုပ်တော့မှာလို့။ ဂျွန်ေဂျာင်ကုရဲ့သရုပ်အမှန်ကိုမြင်ချင်မှတော့လည်းပြရတာပေါ့....။~~~~~~~~~~~
ဆော့ဂျင်ကုမ္ပဏီရဲ့အခုရက်ပိုင်းအတွင်းမှ အသစ်ထပ်မံထုတ်ထားသည့်တီရှပ်တွေရဲ့ အရောင်းစာရင်းတချို့ကိုစစ်ကြည့်နေလိုက်သည်။
ထင်ထားတာထက်ကိုပိုပြီးလူကြိုက်များကြပြီး
ဈေးကွက်အတွင်းခဏလေးနဲ့ထိုးဖောက်သွားတော့
သူ့မှာပီတိဖြစ်နေရသည်။ သူကိုယ်တိုင်ဒီဇိုင်းဆွဲခဲ့ပြီး ဒီထုတ်ကုန်အတွက်နေ့နေ့ညညကြိုးစားထားခဲ့တာကိုပြန်တွေးပြီးပြုံးနေစဉ်........ဒုန်း!!!
"ဘယ်သူလဲ ?..တခါးမခေါက်ဘဲဝင်လာ......"
YOU ARE READING
BUNCH {စည်း}Complete ✔️
Fanfiction"ခင်ဗျားတစ်ယောက်တည်း တစ်ဖက်သတ်ကြီးခြားထားတဲ့စည်းကိုကျုပ်ကဂရုစိုက်မယ်ထင်လို့လား" JEON JUNG KOOK💜 "အဓိပ္ပါယ်မရှိတာတွေလုပ်ဖို့ငါကခွင့်ပြုမယ်ထင်နေလို့လား" KIM SEOK JIN 🩷