Part 15

21K 620 20
                                    


     အပိုင်း - ၁၅

     စိုင်းသူရက မြူ၏ လည်တိုင်လေးကို နမ်းလိုက်သည့်အခါ မြူက ကိုယ်လေးကို ကျုံ့ထားမိ၏။ ထို့နောက် စိုင်းသူရက မြူ၏ မေးစေ့မှမော့ယူပြီး နှုတ်ခမ်းဆီ ဦးတည်လိုက်သည်။ မြူ မျက်လုံးကို မှိတ်ထားရင်း လက်သီးလေးများကို တင်နေအောင်ဆုပ်လိုက်မိသည်။ ထို့နောက် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည့် စကားလုံးလေးများ။

     "လုပ်မယ်.. မြူ လုပ်ပေးမယ်.. ကိုစိုင်း"

     "ဟင် !!!"

     "မြူ လက်ခံတယ်... ကိုစိုင်း ပြောထားတဲ့ အစီစဉ်ကို ရိုက်ကူးပေးမယ်.. အလဲအလှယ်ကတော့ အဲ့ဒီ Show ပြီးတာနဲ့ မြူကို လွတ်လပ်ခွင့်ပေးရမယ်"

     စိုင်းသူရက ပြုံးရင်း မတ်တပ်ရပ်လိုက်၏။

     "တော်တယ် မြူ.. တော်တယ်.. ဒါပေမယ့် မြူက ကောင်းကောင်းလုပ်မှရမယ်.. လုပ်နိုင်ပါ့မလား"

     "ကတိပေးတယ်.. ကိုစိုင်း.. ကိုစိုင်း သဘောကျဖြစ်စေရမယ်.. မြူ လုပ်ပေးမယ်.. လုပ်နိုင်တယ်"

     စိုင်းသူရက မြူ၏ နှာခေါင်းလေးကို လက်ညှိုးဖြင့် ထိလိုက်သည့်အခါ မြူ အသက်အောင့်ထားလိုက်မိသည်။

     "ဘာလို့လဲ.. မြူက အဲ့လို Show တွေကို သဘောမကျဘူးမလား.. မြူ အမြဲငြင်းခဲ့တာပဲလေ"

     "ဟုတ်တယ်.. ဒါပေမယ့် .. အခု.. မြူ လုပ်ပေးမယ်"

     "အကြောင်းပြချက်ကရော မြူ"

     မြူ သက်ပြင်းချလိုက်၏။

     "မြူ လက်ခံဖို့ အကြောင်းပြချက် လိုသေးတာလား ကိုစိုင်း"

     "အဟင်း.. ရုတ်တရက်ဆိုတော့ .. တမျိုး ဖြစ်နေလို့ပါ"

     "ဘယ်လိုတမျိုးဖြစ်တာလဲ ကိုစိုင်း.."

     "မြူက မလုပ်ချင်တာကို ရုတ်တရက်ကြီး လက်ခံလိုက်လို့လေ.. ထူးဆန်းလို့ပါ"

     "အခု ကိုစိုင်းလိုချင်တာ ရပြီမဟုတ်လား"

     "ဟုတ်ပြီလေ.. ဒါဆို မြူလက်ခံလိုက်ပြီပေါ့"

     "အင်း.. လက်ခံတယ်"

     စိုင်းသူရက ဆိုဖာတွင် ပြန်ထိုင်ပြီး ဝီစကီတစ်ခွက်ကို ထည့်လိုက်သည်။ ထို့နောက် ရေခဲဘူးထဲမှ ရေခဲတစ်ခဲကို ဝီစကီခွက်ထဲထည့်လိုက်၏။ ခွက်ကို အသာယာလှုပ်ခတ်ပြီးနောက် မြူကို ကြည့်လိုက်သည်။ မြူကတော့ မလှုပ်မယှက် ထိုင်နေဆဲ။

မြူချစ်ရလေသော...(Completed)Where stories live. Discover now