အပိုင်း - ၂၄
မေမေ့နာရေးအပြီးမှာ မြူ မေမေ့အခန်းထဲ ထိုင်နေမိသည်။ မြူ ပါးပြင်ပေါ်စီးကျလာသည့် မျက်ရည်တွေကို မသုတ်မိ။ ဒီလောကကြီးမှာ မြူ တွယ်တာရတာဆိုလို့ မေမေသာရှိသည်။ အခုတော့ မေမေက မြူကို ထားသွားခဲ့ပြီ၊၊
ဒီရက်တွေထဲ မြူ စိတ်ရောလူပါ ပင်ပန်းနေသည်။ အလုပ်တွေကို ရပ်နားထားသော်လည်း ပင်ပန်းမှုကတော့ ပျောက်မသွား။ စိတ်ထောင်းကိုယ်ကြေဆိုတာ တကယ်အမှန်ပင်။
-ဒေါက် ဒေါက်-
တံခါးခေါက်သံကြောင့် မြူ မျက်ရည်တွေကို သုတ်လိုက်ရသည်။ တံခါးဖွင့်ပြီး ဝင်လာသူက ကိုသူရိန်။
"ကိုသူရိန်"
"အင်း"
သူရိန် မြူ၏ ဘေးမှာ ဝင်ထိုင်လိုက်သည်။
"လာပေးလို့ ကျေးဇူးပါ"
"မဟုတ်တာဘဲ မြူရယ်"
မြူ မျက်နှာကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်လိုက်သည်။
"သားသား သက်သာရဲ့လား"
"အင်း.. သက်သာပါတယ်.. ဒီနေ့ ဟေမာစောင့်နေပေးတော့ ကိုယ် ဒီကိုလာလိုက်တာ.. မြူ အဆင်ပြေရဲ့လား"
"အဆင်ပြေတယ်လို့ပြောရင် လိမ်တာပဲပေါ့.. ဒီအခြေနေက မြူအတွက် အဆင်ပြေနေစရာမှ မရှိတာ.. မေမေက မြူကို ထားသွားပြီ.. ကြည့်ရတာတော့ မြူကို စိတ်ချသွားပြီထင်ပါရဲ့"
"တောင်းပန်ပါတယ်.. မြူ"
မြူ ကိုသူရိန်ကို ကြည့်လိုက်သည်။
"ကိုသူရိန်က... ဘာလို့.. တောင်းပန်တာလဲ"
"မြူကို အများကြီး ခံစားစေခဲ့လို့ပါ.. အဲ့နေ့က ကိုယ်သာ သတိလက်လွတ်နဲ့ မြူကို လွှတ်မထားခဲ့ရင် အခြေနေတွေက ပြောင်းလဲသွားခဲ့မယ်ထင်တယ်"
"ဖြစ်စရာရှိတာတွေက ဖြစ်လာတာပါပဲ ကိုသူရိန်ရယ်... ဖြစ်ရမယ်လို့ သတ်မှတ်ထားတာတွေကို ဘယ်လိုမှ တားဆီးလို့မရပါဘူး.. ဒါ့ကြောင့် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့"
"ဒါပေမယ့်..."
"အဲ့နေ့က ကိုသူရိန် မမှားပါဘူး.. ကိုသူရိန်ရဲ့ အမှားမဟုတ်ခဲ့ပါဘူး.. ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ ကိုသူရိန်"
YOU ARE READING
မြူချစ်ရလေသော...(Completed)