အပိုင်း - ၁၈
မြူက သူရိန်နှင့် တွေ့ချင်သည်ဆိုလာသောအခါ သူရိန်မှာ ထိုင်မရ၊ ထမရ။
အဝတ်အစားတွေကိုဖွထားတာ ကုတင်ပေါ်မှာ အပြည့်ဖြစ်နေပြီ။ သူရိန်၏ ဝတ်စုံအားလုံးက အနောက်တိုင်းဝတ်စုံတွေသာဖြစ်ပြီး ကျန်သည့်ပုံစံများမရှိ။ သူရိန် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည့်အခါ ကော်ဇောပေါ်မှာ ထိုင်နေသည့် သားသားက လှမ်းကြည့်သည်။
"ဒယ်"
သူရိန် သားသားနား သွားပြီး ထိုင်ချလိုက်၏။ အရုပ်လေးများဖြင့်ဆော့နေသည့် သားသားက သူရိန်ကို ရယ်ပြသည့်အခါ သူရိန် မြတ်နိုးရပါသော ပါးချိုင့်လေးက ထင်းနေအောင်ပေါ်လာတော့သည်။
"သားသား.. ဒီနေ့ သားရဲ့ ပါပါးနဲ့ တွေ့မလို့ကွ.. ဘာဝတ်ရမလဲ"
သူရိန်၏ စကားကို သားသားက သိပ်နားလည်ဟန်မရှိ။ သို့သော် ပါပါးဆိုသည့် စာလုံးကိုတော့ သားသားက ကောင်စွာသိနေပြီ။ ထို့ကြောင့် ရှေ့ရက်က ညစာစားချိန်မှာ မြူကို ခေါ်လိုက်တာဖြစ်သည်။ ထိုအချိန်က သူရိန်မှာ အတော်လေးပင် နေရခက်သွားခဲ့ရသေး၏။
"ပါပါး.. ပါပါး"
"အင်း.. ဟုတ်တယ် ပါပါး"
သူရန် သားသားကို ကောက်ပွေ့ပြီး ပါးလေးများကို နမ်းရှိုက်လိုက်သည်။
သို့သော် သားသားက သူရိန်ချီတာကို ကော့လန်ထိုးပြီး ပြန်ဆင်းသည်။
"အူး.. ဝါး... ဝါး.. ဒယ်.. ဝါး ဝါး"
"အာ.. မငိုရဘူးလေကွာ.. ဆော့ ဆော့ ဆက်ဆော့နေ ဟုတ်ပြီလား.. ချစ်လိုက်တာကွာ"
သူရိန် ပြန်ချပေးလိုက်မှ သားသားက အငိုတိတ်သွားသည်။ ထို့နောက် သူရိန်က သားသားပါးပေါ်က မျက်ရည်လေးများကို အသာယာ သုတ်ပေးလိုက်၏။
-ဒေါက် ဒေါက်-
တံခါးခေါက်သံကြောင့် သူရိန် အသံပြုလိုက်ရသည်။
"ဝင်ခဲ့ပါ"
တံခါးဖွင့်ပြီး ဝင်လာသူက ဟေမာ။
![](https://img.wattpad.com/cover/339565313-288-k148931.jpg)
YOU ARE READING
မြူချစ်ရလေသော...(Completed)