Part 16

17.7K 610 16
                                    

     အပိုင်း - ၁၆

     မြူက ဒီလို Reality မဆန်သည့် Show တွေကို သဘောမကျ။ ဇာတ်ညွှန်းရေးထားပြီးသား ဒီလို Show တွေက မြူအတွက် အဆင်မပြေ။ သို့သော် မြူ ကိုစိုင်းနားမှာ ဆက်နေဖို့ ဒီအလုပ်တွေကို လုပ်ရဦးမည်။ မြူက စာချုပ်ပြည့်ပြီးသားထုတ်လုပ်ရေးတွေနဲ့ စာချုပ်သက်တမ်းတွေ မတိုးတော့ပေ။ ကိစ္စတွေအားလုံး ရှင်းလင်းပြီးပါက မြူ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းတော့မည်။ ကျန်တာတွေ မြူ မစဉ်းစားချင်တော့။

     ဖြစ်ခဲ့သမျှတွေကိုလည်း အတိတ်မှာသာ ထားခဲ့လိုက်ချင်ပြီ။

     "မြူ"

အတွေးလွန်နေသည့် မြူက ကိုသူရိန် ရောက်လာမှ အသိပြန်ကပ်တော့သည်။

     "အာ.. ကိုသူရိန်"

     ကိုသူရိန်က မြူ့ ရှေ့သို့ ကော်ဖီခွက်လေးကို ချပေးလေသည်။

     "နားချိန်လား မြူ"

     "အွန်း.. ရိုက်ကွင်းနားလို့ ခဏ လာထိုင်နေတာပါ"

     "အင်း.. ဒီလို Show တွေကို မြူ မကြိုက်ဘူးမလား.. အဆင်ပြေရဲ့လား မြူ"

     မြူ သက်ပြင်းချလိုက်မိသည်။ ဘယ်အဆင်ပြေပါ့မလဲ။ မြူမှ သဘောမကျတာလေ။ သို့သော် မြူ ပြုံးပြလိုက်ပါသည်။

     "အဆင်ပြေပါတယ် ကိုသူရိန်.. ဒါကလည်း အနုပညာအလုပ်ဆိုတော့ မြူနဲ့ မစိမ်းပါဘူး"

     "အဟင်း.. အနုပညာအလုပ်ဆိုတိုင်း ကိုယ်သဘောမကျရင်တော့ စိမ်းသက်နေမှာပဲလေ မြူရယ်.. မြူ ဒါမျိုးတွေကို သဘောကျတော့ စိတ်ကျဉ်းကျပ်နေမှာပေါ့"

     "အွန်း.. အမှန်ပြောရရင်တော့ သဘောမကျလို့ စိတ်ကျဉ်းကျပ်ပါတယ်.. ဒါပေမယ့် မတတ်နိုင်ဘူးလေ ကိုသူရိန်ရယ်"

     သူရိန် သက်ပြင်းခပ်လေးလေးသာ ချမိပါ၏။

     "အင်း"

     "ဒါနဲ့ ကိုသူရိန် ကိစ္စရှိလို့လား.. Studio မှာ ကိစ္စရှိနေတာလား"

     "အထွေအထူးရယ်တော့မရှိပါဘူး မြူ.. ဒီတိုင်းပဲ မြူကို တွေ့ရင်းနဲ့ လှည့်ဝင်လာတာပါ"

     "အွန်း.. ကိုသူရိန် လာတော့ ကိစ္စရှိနေတယ်မှတ်တာ"

     "မရှိပါဘူး.. ဒါနဲ့ ညနေ အားလား မြူ.. အားရင် ကိုယ်နဲ့ ညစာစားဖို့ ဖိတ်ချင်လို့ပါ"

မြူချစ်ရလေသော...(Completed)Where stories live. Discover now