အပိုင်း - ၂၀
အရေးပေါ်ကုသမှုတွေအပြီး သားသားက စိတ်ချရပြီဆိုမှ သူရိန် သက်ပြင်းချနိုင်တော့သည်။ မြူက သွေးထုတ်ထားရသည့်အတွက် ပင်ပန်းနေဟန်။ ကုတင်ပေါ်တွင် တစောင်းလေးအိပ်ပျော်နေရှာ၏။ သားသားကလည်း ကုတင်ပေါ်အိပ်ပျော်လို့နေသည်။ သူရိန် ဆေးရုံအခန်းထဲရှိ ဆိုဖာပေါ် မှီချပြီး ဆံပင်တွေကို ဖွလိုက်မိသည်။
-ဒေါက် ဒေါက်-
"အကို.. ဟေမာ ရောက်ပြီ"
တံခါးခေါက်ပြီး ဝင်လာသည့် ဟေမာကြောင့် မြူပါ နိုးသွားသည်။
"အကို"
"အာ.. ဟေမာ လာလေ"
မြူက ကုတင်ပေါ်မှ အိပ်ချင်မူးတူးပုံစံလေးဖြင့် ဟေမာကို ထကြည့်သည်။ ထို့ကြောင့် သူရိန်က မြူအနားသွားပြီး ပခုံးလေးမှ အသာယာပွေ့ကာ ပြန်လှဲချပေးလိုက်ရသည်။
"ပြန်အိပ်လိုက် မြူ.. ဟေမာ ရောက်လာတာ.. ဘာမှမဖြစ်ပါဘူး"
"အွန်း.. ဒါဆို ခဏလောက် ထပ်အိပ်ဦးမယ်နော်"
"အင်း..အိပ်လိုက် မြူ"
မြူက မျက်လုံးလေးများ ပိတ်ပြီး ပြန်အိပ်ပျော်သွားသည်။
သူရိန်က ဆိုဖာတွင် ပြန်ဝင်ထိုင်သည့်အခါ ဟေမာက အိမ်မှယူလာသည့် ပစ္စည်းများကို နေရာလိုက်ချနေလေ၏။ ပြီးမှ သူရိန်ရှေ့မှာ လာထိုင်သည်။ ထို့နောက် သူရိန့်ရှေ့သို့ ထမင်းဘူးလေးကို ထိုးပေးလာခဲ့သည်။ ထမင်းဘူးလေးကို Microwave ထဲ နွှေးထားပေးသည့်အတွက် ခပ်နွေးနွေးလေးဖြစ်နေသည်။
"အကို.. စားလိုက်ပါ... ညစာမစားရသေးဘူးမဟုတ်လား.. ဒီထက်နောက်ကျရင် လေခံသွားလိမ့်မယ်"
သူရိန် သက်ပြင်းချလိုက်သည်။
"မစားချင်ဘူး ဟေမာ"
"အခုချိန်မှာ အကိုပါ လဲသွားလို့တော့ မဖြစ်ဘူးမဟုတ်လား"
"အင်း"
"စားလိုက်ပါ.. သာသားက မနက်လောက်မှ နိုးမယ်ထင်တယ်.. မြူလည်း မနက်လောက်မှ နိုးမှာဆိုတော့ အကို စားပြီးရင် အိပ်လိုက်ပါ.. ဟေမာ စောင့်နေပေးမယ်"
YOU ARE READING
မြူချစ်ရလေသော...(Completed)