ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်သည်။ ဂျောင်ဆူး အိပ်ရေးဝအောင်အိပ်ပြီးတော့မှ ရေချိုးကာ အောက်ထပ်ဆင်းခဲ့သည်။ မာမားက ဂျောင်ဆူးအတွက် မနက်စာပြင်ပေးထားပြီး ဟင်းတောင် ချက်လို့နေပြီ။ ရေတစ်ခါတည်းချိုးလာသော ဂျောင်ဆူးကိုတွေ့တော့ မယုံသင်္ကာနဲ့ ကြည့်သေးသည်။
"စောစောစီးစီး ရေချိုးလို့ပါလား"
"ဂျောင်ဆူးလေးက ဒီနေ့ စာသွားလုပ်မှာလေး မာမားရဲ့"
"ဘယ်မှာသွားလုပ်မှာလဲ ချန်းယောလ်လီလေးနဲ့လား"
မာမားပြောလိုက်တဲ့ ချန်းယောလ်လီဆိုသည့် အသုံးကြောင့် ဂျောင်ဆူး အနည်းငယ် အန်ချင်သွားသည်။ အဲ့ဒီကောင်ကိုများ မာမားမို့ နုနုရွရွ ခေါ်နေသေးသည်။
"မားကလည်း ဂျောင်ဆူးနဲ့ အဲ့ကောင်နဲ့ မတည့်တာ သိရဲ့သားနဲ့ကို
ဂျောင်ဆူးက ဂျုံအင်ဆီကိုသွားမှာ""အပြန်နောက်မကျစေနဲ့နော် ဂျောင်ဆူးလေး"
"ဟုတ်ကဲ့ မား"
ဂျောင်ဆူး အခန်းထဲမှာ ကျောပိုးအိတ်ပြန်ယူရင်း ဂျုံအင်ကို အိမ်ကထွက်လာတော့မဲ့အကြောင်း ဖုန်းဆက်လိုက်သည်။ ဂျောင်ဆူးတို့အိမ်နဲ့ ဂျုံအင်တို့ ရပ်ကွက်က အရမ်းမဝေးပါ။ ကားတစ်မှတ်တိုင်စာသာ စီးရသည်။ အနွေးထည်အထူကြီးနဲ့ ကျောပိုးအိတ်လွယ်ပြီး လမ်းမပေါ် လှုပ်တုပ်လှုပ်တုပ်သွားနေသော ဂျောင်ဆူးက ဘောလုံးလိမ့်နေတာနှင့်တူသည်။
"ဟိတ်...ဘယ်သွားဖို့လဲ"
ဂျောင်ဆူးရဲ့ နွေးထည်ဂုတ်ကော်လံကနေ လက်နဲ့ဆွဲရင်း မေးသည့်လူက ဘယ်သူလဲ အထူးအထွေစဉ်းစားနေဖို့မလိုပါ။ ဟိုကောင်ပဲပေါ့။ သူ့အားကြီးနဲ့ဆွဲထားတာ ဂျောင်ဆူးလေးမှာ ယက်ကန်ယက်ကန် ဖြစ်နေရသည်။
"လွှတ်ပေးနော် ငါလည်ပင်းအစ်နေပြီ"
ဂျောင်ဆူးအတင်းရုန်းတော့မှ ပတ်ချန်းယောလ်က ဂုတ်ကနေဆွဲထားတာကို လွှတ်ချလိုက်သည်။
"ငါလည်း လိုက်ခဲ့မယ်နော်"
"မခေါ်ပါဘူး ငါက ဂျုံအင်ဆီသွားမှာ
စာသွားလုပ်ဖို့"
YOU ARE READING
Sweet & Sour
Fanfictionအကြောက်ဆုံးက ငါ မင်းကို စ နောက်တဲ့အချိန် မင်း စိတ်မဆိုးတော့မှာကိုပဲ 🍬🍭