Final

229 31 2
                                    

အိမ်ရှေ့စားပွဲမှာ စာလုပ်နေသည့် ဂျောင်ဆူးအတွက် အဆာပြေ မုန့်နဲ့အအေးပြင်ဆင်ပေးနေသူက ချန်းယောလ်ဖြစ်သည်။ မနက်ကလည်း အိပ်ယာထဲက တော်တော်နှင့်မထွက်သောကြောင့် အဆိုးလေး စိတ်တိုင်းကျ အနမ်းတွေအများကြီးပေးကာ နှိုးရပြီး စာလုပ်ဖို့ကိုလည်း မုန့်မျိုးစုံနဲ့ ဆွဲဆောင်ထားရသည်။ အထက်တန်းတုန်းကတော့ သူ့ကိုပြိုင်ချင်တဲ့စိတ်နဲ့ စာလုပ်ခဲ့ပြီး အခုကျတော့ စာလုပ်ဖို့ကို ပျင်းရိလို့နေတတ်သည်။

"ဂျောင်ဆူး အဲ့ဒါအကုန်တွက်ပြီးရင် မုန့်စားလို့ရပြီ"

"အခုစားလိုက်မယ်လေ"

"မရပါဘူး အကုန်တွက်ပြီးမှစားရမယ်"

ဘောပင်ကို ချက်ချင်းပစ်ချပြီး မုန့်ဆီလာဖို့လုပ်နေသော ဂျောင်ဆူးက ချန်းယောလ်စကားကြောင့် ဝုန်းခနဲ ပြန်ထိုင်ချကာ နှုတ်ခမ်းကိုလည်း ထော်ထားလိုက်သည်။

"ပတ်ချန်းယောလ်က ငါ့ကိုမချစ်ဘူး
စာတွေကလည်း ငါ့ကိုမချစ်ဘူး
မာမားကလည်း ငါ့ကိုမချစ်ဘူး
အကုန်လုံးက ငါပင်ပန်းအောင်ပဲ လုပ်နေကြတာ"

တစ်ယောက်တည်း ပွစိပွစိလည်းပြော ချန်းယောလ်ကိုလည်း မျက်စောင်းထိုးရင်း ပုစ္ဆာတွေဆက်တွက်နေသော ဂျောင်ဆူးကို ရယ်ချင်ပေမဲ့ ချန်းယောလ် မျက်နှာကို တည်ထားလိုက်သည်။ သူအလိုလိုက်လျှင် ဂျောင်ဆူးက စာကောင်းကောင်းလုပ်တော့မည်မဟုတ်။ ဂျောင်ဆူးတွက်ရမည့် စာတွေအကုန်ပြီးသွားမှ စားပွဲပေါ်က စာအုပ်တွေရှင်းပြီး မုန့်ဗန်းကိုတင်ပေးလိုက်သည်။

"မုန့်စားပြီးရင် နားတော့နော်
စာက နောက်နေ့မှ ဆက်လုပ်တော့"

"မင်းစကားနားထောင်တာမဟုတ်ဘူးနော်
စာမလုပ်ချင်တော့လို့ ရပ်လိုက်တာ"

ဂျစ်ကန်ကန်ပြန်ပြောပြီးတာနဲ့ မုန့်စားရင်း တီဗီကိုဖွင့်ကာ လာသမျှ အစီအစဉ်တွေကို တောက်လျှောက်ထိုင်ကြည့်နေတော့သည်။
ဂျောင်ဆူး စာလုပ်ပြီးသွားမှ ချန်းယောလ်က အေးအေးဆေးဆေးစာလုပ်ဖြစ်ပြီး ညနေစာကိုတော့ အပြင်ကနေပဲ မှာစားလိုက်ကြသည်။ ညဘက်အိပ်ယာဝင်ချိန်မှာတော့ ဂျောင်ဆူးက ထုံးစံအတိုင်း ချန်းယောလ်နားကပ်ကာ ကလေးလေးလို ချွဲနေပြန်သည်။

Sweet & SourDonde viven las historias. Descúbrelo ahora