15

214 48 2
                                    

"ဂျောင်ဆူး ထမင်းသွားစားရအောင်လေ"

"မစားချင်ဘူး မင်းတို့ပဲသွားကြ"

ခေါင်းမှောက်လျက်ကနေ အသံတိုးတိုးလေးနဲ့ဖြေပြီး ပြန်ငြိမ်သွားတဲ့ ဂျောင်ဆူးကြောင့် အီထယ်နဲ့မင်ဂူက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ ဂျောင်ဆူးကလည်း ခေါင်းကြီးမှောက်နေတာ ထ မလာဘူး။ ဟိုအပြင်က သူ့ရည်းစားကလည်း ဂျောင်ဆူးရှိရာကို လှမ်းကြည့်နေတာ ကြာရင် သစ်ကုလားအုတ်ဖြစ်တော့မည်။ အတွဲတွေကြား ခေါင်းစားနေရတဲ့ နှစ်ယောက်က ဘာလုပ်ရမှန်းမသိဘဲ အခန်းပြင်ထွက်လာခဲ့သည်။

"ချန်းယောလ်...ဂျောင်ဆူးက မစားဘူးတဲ့..."

"မစားလို့ ဘယ်ဖြစ်မလဲ ဗိုက်ဆာပြီး နေမကောင်းဖြစ်မှာပေါ့
ဟို မင်းတို့အခန်းထဲ ဆရာမရှိဘူးဆို ငါဝင်ခေါ်လိုက်မယ်နော်"

"အေးအေး မင်းပဲသွားခေါ်လိုက်"

ချန်းယောလ်ကို ပြန်ပြောပြီးတာနဲ့ မင်ဂူက အီထယ်လက်ကို အသာကုတ်ကာ ကန်တင်းအမြန်သွားဖို့ မျက်စပစ်သည်။ ဂျောင်ဆူးက ကောက်ပြီဆို တော်တော်နဲ့ပြန်မပြေတတ်လို့ သူတို့ပါ ဆက်ချော့နေရင် နေ့လည်စာငတ်ကိန်းရှိသည်။ နေ့လည်စာစားချိန် စာသင်ခန်းထဲ လူနည်းနေသောကြောင့် ချန်းယောလ် အတန်းထဲထိဝင်ကာ ဂျောင်ဆူးကိုချော့ရသည်။

မနက်တစ်ခင်းလုံးအဆင်ပြေလာပြီး ပြဿနာက နေ့လည်စာစားချိန်နီးမှ စ သည်။ ဂျောင်ဆူးတို့ အတန်းချိန်ခဏနားတုန်း အညောင်းပြေလမ်းလျှောက်ရင်း ချန်းယောလ်တို့အပေါ်ထပ်ကိုအရောက် အတန်းထဲက ကောင်မလေးနဲ့စကားပြောရင်း ရယ်မောနေသည့် ချန်းယောလ်ကိုမြင်ကာ စိတ်ကောက်သွားတာဖြစ်သည်။ ချန်းယောလ်က ချက်ချင်း ချော့ချင်သော်လည်း ဂျောင်ဆူးအခန်းထဲပြန်ဝင်သွားချိန်နှင့် ဆရာမရောက်လာချိန်ကွက်တိဖြစ်သောကြောင့် သူ့မှာ နေမထိ ထိုင်မသာနှင့်ပင် အခန်းနား တဝဲဝဲလုပ်နေခဲ့ရသည်။

အရင်ကတော့ စိတ်ဆိုး စိတ်ကောက်အောင် လိုက် စ ခဲ့တာ ချန်းယောလ်ကိုယ်တိုင်ဖြစ်ပြီး အခုလို ဂျောင်ဆူးအထင်လွဲစိတ်ကောက်သွားတာမျိုး မရှိခဲ့သောကြောင့် ဘယ်လိုချော့ရမှန်းပင် မတွေးတတ်တော့။ ချန်းယောလ်က ဝက်ပေါက်ကလေး စိတ်ကောက်မှာကို ကမ္ဘာပျက်မှာထက်ပင် ကြောက်မိပါသည်။

Sweet & SourDonde viven las historias. Descúbrelo ahora