7

225 48 2
                                    

နောက်ဆုံးစာမေးပွဲမဖြေမီ ကိုယ်ပိုင်စာကျက်ချိန်တွင် ချန်းယောလ်က စာကျက်လိုက် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်လိုက်နှင့် လည်ပတ်နေသော်လည်း စွာတေးလေးကတော့ အိမ်ထဲကပင် ထွက်လာမမြင်မိ။ စာကျက်လိုက် စာကိုစိတ်ကောက်လိုက် ငိုလိုက်နဲ့ပဲ အချိန်ကုန်နေပုံရသည်။ တစ်ခါတလေ ဂျောင်ဆူးတို့အိမ်ဘက်ကို ဂျုံအင်လာတာတွေ့မိပေမဲ့ သူလျစ်လျူရှုထားလိုက်သည်။ ဂျောင်ဆူးနဲ့ ဂျုံအင် အတူရှိတာကို သဘောမကျပေမဲ့ စာမေးပွဲဖြေခါနီးနေသောကြောင့် ဂျောင်ဆူးကို စိတ်မရှုပ်စေချင်ပါ။ သူစိတ်ပျော်သလိုသာ နေစေချင်သည်။

ချန်းယောလ် စာကြည့်ရင်း ခဏအနားယူဖို့ ခြံထဲကိုဆင်းခဲ့တော့ တစ်ဖက်ခြံတံခါးဖွင့်သံကြားလိုက်သည်။ ခြံဝအထိထွက်ကြည့်တော့ စိတ်မပါ လက်မပါနှင့် လမ်းလျှောက်နေသော ဂျောင်ဆူးကိုတွေ့ရသည်။ အိမ်နေရင်းဘောင်းဘီကလည်း ခေါက်လျက်တစ်ဖက် ပြန့်လျက်တစ်ဖက် မညီမညာ၊ ဆံပင်တွေကပွပြီး မျက်မှန်ကိုင်းထူထူနှင့် တကယ်ကို လူဂျစ်ကလေးဖြစ်နေသည်။

"ဘယ်သွားဖို့လဲ"

"မာမားရေ...လန့်လိုက်တာ
ဖြည်းဖြည်းလုပ်စမ်းပါ မနည်းမှတ်ထားရတဲ့ စာလေးတွေ ထွက်ပြေးသွားတော့မှာပဲ"

"ဒီနေ့မှ အပြင်ထွက်တာလား"

"အင်း မုန့်သွားဝယ်မလို့
အိမ်မှာမုန့်တွေကုန်နေပြီ"

လေးလေးပင်ပင်နဲ့လမ်းလျှောက်နေတဲ့ ဂျောင်ဆူးဘေးမှာ ချန်းယောလ်ကလည်း ကပ်ပါလာသည်။ ရပ်ကွက်ထဲက မုန့်ဆိုင်လေးမှာ မုန့်အစုံဝယ်ပြီးနောက် ရေခဲမုန့်တစ်ခုစီနဲ့ ကလေးကစားကွင်းထဲဝင်ထိုင်ကြသည်။ စာကျက်ရလို့ပင်ပန်းနေတဲ့ဝက်ကလေးက သူ့ကို ရန်လုပ်ဖို့တောင် အာရုံမရဘဲ သူခေါ်သည့်နောက်ကို လိုက်လာခဲ့တာဖြစ်သည်။

"အရမ်းပင်ပန်းရင် ငါနဲ့အတူတူစာလာလုပ်လေ
မင်းမှတ်ရလွယ်အောင် ငါရှင်းပြမှာပေါ့"

"တော်ပါပြီ ငါ့ဘာသာပဲလုပ်မယ်"

"ငါမင်းကို အနိုင်မကျင့်ဘူးလေ
ဟိုဟိုဒီဒီလည်းမခိုင်းဘူး"

Sweet & SourWhere stories live. Discover now