8

198 49 5
                                    

ကျောင်းပိတ်ရက်တွေက လျှင်မြန်စွာပဲကုန်လွန်သွားသည်။ ထို့အပြင် ဂျောင်ဆူးလေးစိုးရိမ်နေခဲသော အဖြစ်အပျက်ဟာလည်း အလျှင်အမြန်ပဲ ဖြစ်လာခဲ့သည်။ ဂျုံအင်က မမတက်သည့် နည်းပညာကျောင်းမှာပဲလိုက်တက်မည်ဖြစ်သောကြောင့် ဂျောင်ဆူးလေးမှာ တစ်ယောက်တည်းအဖော်မဲ့ကျန်ခဲ့ရသည်။ ဂျောင်ဆူးလေးကို အလိုလိုက်သလိုလိုနှင့် မမနဲ့ချစ်သူတွေဖြစ်သွားသော ဂျုံအင်ကို စိတ်ဆိုးချင်သော်လည်း နှစ်လလောက် အေးအေးဆေးဆေးစားလို့ရသည့် မုန့်ထုပ်များနှင့် လာချော့သောကြောင့် စိတ်ပြေလိုက်သည်။ အဲ့ဒါအပြင် ပိတ်ရက်အပြင်သွားတိုင်း ဂျောင်ဆူးလေးကိုလည်း ခေါ်မည်ဆိုသည့် ကတိပါ ရခဲ့သည်။

အခုချိန်ထိ ကံမကောင်းသေးသော ဂျောင်ဆူးလေးမှာ တက္ကသိုလ်တက်သည့်အချိန်ထိ ပတ်ချန်းယောလ်နှင့် တတွဲတွဲပဲဖြစ်သည်။ တက္ကသိုလ်ဝန်းကြီးက တူနေရုံသာမက မေဂျာချင်းကလည်း တူနေပြန်တော့ ဂျောင်ဆူးလေး အလွန်စိတ်ညစ်ရပါသည်။ သူများဝမ်းနည်းနေပါတယ်ဆိုမှ ပြောင်ချော်ချော်နဲ့ ရည်းစားစကားပြောပြီး April Fool လုပ်သွားသည့်ကောင်ကို စိတ်ဆိုးလွန်းလို့ ကျောင်းပိတ်ရက် တောက်လျှောက် စကားမပြောဘဲ နေပစ်လိုက်သည်။ ကျောင်းတက်သည့်နေ့ကို ချန်းယောလ်နဲ့အတူတူသွားရန်ပြောသည့် မာမားကိုလည်း စိတ်ကောက်ပစ်လိုက်ပြီး တစ်ယောက်တည်းထွက်လာခဲ့သည်။ ကျောင်းက ဂျောင်ဆူးတို့မှတ်တိုင်ကနေ ၁၂ မှတ်တိုင်လောက်အထိ စီးရသည်။ တစ်ချို့ကတော့ ဝေးသောကြောင့် ကျောင်းအဆောင်နေကြရန် စီစဉ်သော်လည်း ဂျောင်ဆူးရော ချန်းယောလ်ကပါ အိမ်ကနေတက်ရန်သာ ဆုံးဖြတ်လိုက်သည်။ မနက်စောစော ထ ရသော်လည်း ကားလမ်းမကြပ်သည်မို့ အဆင်ပြေပါသည်။

"ဂျောင်ဆူး ရောက်လာပြီလား
ငါအခန်း ကူရှာပေးရမလား"

"ဘယ်သူကြီးပါလဲ ကျွန်တော့်ကိုသိလို့လား
စကားလာမပြောပါနဲ့"

တခြားကျောင်းသားများနှင့် စကားပြောနေရာကနေ ဂျောင်ဆူးကိုတွေ့တာနဲ့ အရေးတယူတွေလာလုပ်နေပါသော ပတ်ချန်းယောလ်ကို မသိချင်ယောင်ဆောင်လိုက်ပြီး အခန်းရှာရန် ထွက်ခဲ့သည်။ ကျောင်းမြေပုံဆိုတာ ဘာလုပ်ဖို့ထားတာလဲ ဒီကောင်မသိလေလျော့သလား။ မြေပုံကြည့်ပြီးရှာလိုက် အလွယ်လေးကိုများ ဂျောင်ဆူးလေးကို အထင်သေးနေတာနေမယ်။

Sweet & SourWhere stories live. Discover now