💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮´Unicode}
{အခန်း၈}
မနက်အိပ်ယာထကတည်းကလူကခပ်နုံးနုံးဖြစ်နေသည်မို့ လန်းဆန်းသွားအောင်ရေချိုးလိုက်ပေမယ့် အဖျားဝင်၍ပိုဆိုးသွားလေသည်။ခေါင်းများပါမထောင်နိုင်အောင်ထိုးကိုက်နေသည်မို့ ဖွဲ့အိပ်ယာလေးထပ်ခွေခွေလေးအိပ်နေမိသည်။
"မမလေး ထမင်းစားရအောင်"
"မစားချင်ဘူးခွန်းဆက် ငါနေမကောင်းလို့အိပ်ဦးမယ်"
"ဗျာ!!...နေမကောင်းဘူးလားမမလေး ပြပါဦး"
ခွန်းဆက်မဟာကအရှေ့သို့တိုးလာရင်း ဖွဲ့နဖူးလေးအားလက်ဖြင့်အသာစမ်းလိုက်သည်။
"ဟင်...အဖျားတွေတတ်နေတာပဲ"
ခြစ်ခြစ်တောက်ပူနေသည့်အပူရှိန်ကြောင့် ခွန်းဆက်မဟာပျာယာခတ်သွားမိသည်။
"မမလေး ဆေးတစ်လုံးထိုးပြီးသောက်ဆေးလေးသောက်ရအောင် တစ်ခုခုတော့အရင်စားရမယ် ဆန်ပြုတ်ဖြစ်ဖြစ် စွတ်ပြုတ်ဖြစ်ဖြစ်"
"ငါခေါင်းမူးနေတာမထချင်ဘူး..."
ဖွဲ့အသံလေးကအားမရှိစွာဖြင့်ခပ်တိုးတိုးထွက်ပေါ်လာသည်။
"ခဏနော်မမလေး!!..."
ခွန်းဆက်မဟာကပြောပြီးအခန်းထဲမှထွက်သွားသည်။ခဏအကြာမှာ ခွန်းဆက်မဟာပြန်ဝင်လာသည့်ခြေသံကြားပေမယ့် ဖွဲ့မျက်ဝန်းများပင် မဖွင့်ချင်အောင် လေးလံနေမိသည်မို့ ဆက်အိပ်နေလိုက်သည်။
"မမလေးဆေးထိုးမယ်နော်!!.."
ဖွဲ့အလွန်နုံးချိနေ၍စကားပင်ပြန်မပြောနိုင်ပေ။ခွန်းဆက်မဟာက ဆေးတစ်လုံးထိုးပေး၍ပြန်ထွက်သွားလေသည်။ဖွဲ့လဲ ခေါင်းပင်မထောင်နိုင်အောင်ဖြစ်နေသည့်အခြေနေမို့ အိပ်ပျော်အောင်အိပ်လိုက်တော့သည်။
*
*"မမလေး!!..မမလေး ထပါဦး...မမလေး"
ဖွဲ့ပုခုံးလေးကိုအသာလှုပ်၍ခပ်တိုးတိုးအသံဖြင့်ခေါ်နေသည့်ခွန်းဆက်မဟာအသံကြောင့် ဖွဲ့မျက်ဝန်းများကိုဖွင့်ကြည့်လိုက်မိသည်။
![](https://img.wattpad.com/cover/322007106-288-k563401.jpg)
ŞİMDİ OKUDUĞUN
မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}စဆုံး
Romantizm"ဖွဲ့နွှဲ့မမှီဆိုတဲ့မင်းကို ငါပဲထိမယ် ငါပဲကိုင်မယ် ငါပဲရိုက်မယ် ငါပဲနှိပ်စက်မယ် ငါပဲချစ်မယ်" "အောက်တန်းစားလူယုတ်မာ" "အဲ့အောက်တန်းစားက မင်းလင်လေ"