Something

393 50 5
                                    


မိဘတွေအိမ်က သူ့အရင်အခန်းကျဉ်းလေးထဲမှာ တစ်ညတာ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း ကုန်ဆုံးသွားတယ်

၈ နှစ်လောက် ကြာတာတောင် သူ့အိပ်ယာက မနေ့ကလေးတင် ထသွားပြီး ပြန်ဝင်အိပ်တဲ့အတိုင်းပဲ

စာအုပ်စင်ပေါ်က ဂျာနယ်၊ မဂ္ဂဇင်းအဟောင်းတွေကအစ

အရာအားလုံး နေရာတကျ၊ သေသေသပ်သပ်ရှိပြီး ဖုန်တစ်စက်မှ မရှိအောင် သူ့အခန်းကို ထိန်းသိမ်းထားနိုင်တာ မေမေရဲ့ အိမ်ရှင်မစကေးကိုတော့ ချီးကျူးရမှာပဲ

သူ့ဆိုးလ်ကတိုက်ခန်းက luxury bed ပေါ်မှာ တော်တော်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လေ့မရှိတဲ့ ချန်းယောလ်ဟာ ဒီမနက်မှာ အိပ်ရေးဝဝလင်လင်နဲ့ နိုးလာခဲ့တယ်

ကြည့်ရတာ ခရီးရှည်ကားမောင်းလာတာရယ်၊ မိဘတွေရဲ့ ပျင်းစရာစကားဝိုင်းကို သည်းခံနားထောင်ပေးခဲ့ရတာရယ်‌ကြောင့် ပင်ပန်းသွားတာဖြစ်မယ်

နိုးလာတာနဲ့ အလုပ်ကို ဖုန်းဆက်ရင်း မှာစရာရှိတာ လှမ်းမှာရတယ်

ပြီးတော့ သူနည်းနည်းဒီမှာ ကြာဖြစ်အုံးမယ်ဆိုတဲ့ အကြောင်း ဂျွန်ဟီး ကို ဖုန်းခေါ်ရင်းပြောပြရတယ်

မေမေ မတော်တဆကြားသွားရင် အလကားနေရင်း ပြသနာဖြစ်မှာစိုးတာမို့ အိမ်ကထွက်လာရင်း လမ်းလျှောက်ကာ ပြောနေလိုက်သည်

“တီ..တီ”

ကားလမ်းဘေးမှာ ဆင်းလျှောက်နေတာကို ဘေးကကားက ဟွန်းဇွတ်တီးနေတာမို့ ကြည့်လိုက်တော့ သူငယ်ချင်း‌ဟောင်း ဂျုံးဒယ်

“ကိုယ် ပြီး‌တော့မှ ပြန်ခေါ်လိုက်မယ်နော်” ဂျွန်ဟီးကို နှုတ်ဆက်ကာ ဖုန်းချလိုက်သည်

“ဟေး”

“ဟေး”

“ဟာ ဟုတ်သားပဲ ချန်းယောလ်၊ ငါမင်းနဲ့တူလို့ သေချာကြည့်နေတာ”

ဂျုံးဒယ်က သူ့ကားကိုလမ်းဘေးချရပ်ရင်း ပြောသည်

“ဆံပင်စတိုင်ကြောင့်လား”

သူနဲ့ဂျုံဒယ်က ငယ်ငယ်က ဆံပင်ကေတူတူညှပ်နေကျ

“ဆိုလ်းစတိုင်ပေါက်နေလို့လည်း ပါတာပေါ့”

BittersweetWhere stories live. Discover now