ဘက်ခဟျွန်းဟာ ဆိုင်ကယ်ကို လမ်းထဲကွေ့ဝင်လိုက်တာနဲ့ မီးရောင်လင်းနေတဲ့ သူ့အိမ်ကို လှမ်းမြင်ရသည်မြို့ထဲမှာ နေရင် တစ်နေရာမှာ မဟုတ်တစ်နေရာ တွေ့နေရနိုင်တာမို့ မြို့စွန်က ရေကန်နားမှာ သူတစ်နေကုန်အချိန်သွားဖြုန်းလာခဲ့တာ
“ကျစ်”
စုတ်သတ်ရင်း ဆိုင်ကယ်ကို အိမ်ရှေ့မှာ ရပ်လိုက်ကာ အိပ်ထဲဝင်လာခဲ့လိုက်သည်
ဝင်လိုက်တာက သူ့အိမ်ဆိုပေမယ် သူ့အိမ်ထဲက ပစ္စည်းဟောင်းတွေ တစ်ခုမှ မရှိတော့ဘူး
အဲ့ဒီအစား သစ်လွင်တောက်ပြောင်နေတဲ့ ပရိဘောဂတွေ
မျက်နှာကျက်က မီးဆိုင်းက အစ ကပွဲခန်းမ က မီးဆိုင်းလိုမျိုး
သားရေ အကောင်းစားနဲ့ လုပ်ထားတဲ့ ဒီမြို့မှာ အကောင်းဆုံးဆိုတဲ ဆိုဖာတွေ
မွှေးပွကော်ဇောရဲ့ သစ်လွင်အိစက်မှုကြောင့် သူ့ဖိနပ်ကို ယောင်ပြီးတော့ ချွတ်မိတော့မတတ်ပဲ
မီးဖိုချောင်က ဘီရိုအဟောင်းတွေနဲ့ မီးဖိုတွေအစား Microwave အသစ်စက်စက်
အဲ့ဒါထက်
“ဟိုင်း ဟန်နီ ပြန်ရောက်ပြီလား”
“What the hell ပတ်ချန်းယောလ်”
အေပရွန်ပန်းရောင်ကို မလိုက်မဖက်ဝတ်ပြီး ဟင်းချက်နေတဲ့ ချန်းယောလ်
“အိုး ဟန်နီက ကိုယ့်ကို လန့်သွားတာလား၊ ဘယ်သူက အလုပ်ကလာရင် ကိုယ့်ယောင်္ကျားကို မြင်ရင် အဲ့လိုမျက်နှာနဲ့ နှုတ်ဆက်လို့လဲ၊ လာပါအုံး ကိုယ်လက်မအားသေးလို့ ဒီနားလာပြီး အာဘွားလာပေးပါအုံး”
“မင်း..မင်း ဘာတွေလုပ်နေတာလဲ”
“အော် ဒါလား ..ဟန်နီပြန်လာရင် အဆင်သင့်စားဖို့ ဟန်နီကြိုက်တတ်တဲ့ အမဲသားကင်”
“ထွက်သွားစမ်း ချန်းယောလ်”
“အိုး ကိုယ့်အမျိုးသားလေးကို ထားပြီး ဘာလို့ထွက်သွားရမှာလဲ”
ဘာတစ်ခုမှ အပြစ်မလုပ်ထားသလို အမြင်ကတ်စရာ မျက်နှာကို ဖန်တီးရင်း ချန်းယောလ်က ဖြေသည်
YOU ARE READING
Bittersweet
Fanficအချစ်ဟာ ချိုမြိန်သလား ခါးသီးပါသလား ချစ်ဖူးသူမှသာ သိနိုင်ပါလိမ့်မည် သေချာတာက "Love is a hole in the heart." ဆိုတဲ့အတိုင်း ချစ်မိသွားတာနဲ့ နှလုံးသားထဲက ကွက်လပ်ကို တစ်စုံတစ်ယောက်ကသာ ဖြည့်ဆည်းပေးနိုင်တာမျိုးပါပဲ သူမှ မဟုတ်ရင် အမြဲနာကျင်နေရတော့တာမျိ...