ဂျွန်ဟီးကို သူ့အိမ်က ဧည့်ခန်းမှာတွေ့ရတာက အနည်းငယ် မျက်နှာပူသည်။
အထူးသဖြင့် နံရံမှာ ဘက်ခဟျွန်းနဲ့ သူ့ပုံတွေရဲ့ အလယ်မှာပေါ့...ပြီးတော့ သူ့ကို ဝမ်းပမ်းတသာကြိုရင်တောင် အနည်းငယ် နေသာအုံးမည်ဆိုပေမယ့် ဂျွန်ဟီးက ဆိုဖာပေါ်ထိုင်နေရာကထမလာပါ
ဂျွန်ဟီးရဲ့ဘေးမှာ မေမေထိုင်နေပြီး...မေမေ့ပေါင်ပေါ်ဖွင့်လျက်သားရှိနေတာကတော့ သူတို့လက်ထပ်တုန်းက ဓါတ်ပုံအယ်ဘမ်
"သား အခန်းကို ခေါ်သွားပြီး သေချာ စကားပြောလိုက်အုံး"
အခြေနေကို ရိပ်မိတဲ့မေမေက ဝင်ပြောသည်။
"လာနော် ကိုယ့်အခန်းက အပေါ်မှာ"
တိတ်တဆိတ်လိုက်လာတဲ့ ဂျွန်ဟီးက မေမေရှေ့မှာမို့ ခံစားချက်ကို ချုပ်တည်းထားဟန်တူသည်။ အခန်းတံခါးပိတ်လိုက်တာနဲ့ မျက်ရည်တို့ကျလာသည်။
"ချန်းက...အိမ်ထောင်ရှိတယ် ဟုတ်လား"
"ဆောရီး ကိုယ်ရှင်းပြပါမယ်"
"အိမ်ထောင်ရှိတဲ့ယောကျ်ားတစ်ယောက်နဲ့ ကျွန်မက ပါတ်သတ်နေမိတာလား ဟင်၊ ချန်း ဘာဖြစ်လို့ ကျွန်မကို လှည့်စားခဲ့ရတာလဲ"
"ဂျွန်ဟီးရား..ကိုယ်ပြောတာ နားထောင်ပါအုံး"
"ကျွန်မတို့တွဲလာတာ တစ်နှစ်ကျော်ပြီလေ..အခုလက်ထပ်ဖို့လပိုင်းလောက်အလိုမှ
ချန်းက အိမ်ထောင်သည်တဲ့လား၊ မီဒီယာမှာလည်း ကျွန်မတို့ လက်ထပ်မယ့်အကြောင်းက ဟိုးလေးတစ်ကျော်ဖြစ်နေပြီ။ ဒီကြားထဲမှာ ကျွန်မကို မပြောပဲ ဘယ်လိုလှည့်စားနိုင်ရတာလဲ..ချန်း လက်ထက်ထားပြီးသားဆိုတာ စောစောက ကြိုပြောသင့်တယ်မလား""မဟုတ်ဘူး...ဂျွန်ဟီးရာ...အခုမဟုတ်တော့ပါဘူး"
"ဘာကို မဟုတ်ရမှာလဲ။ ချန်းအမေက
ဓါတ်ပုံပြပြီး ဒါ ချန်းယောလ်ရဲ့အမျိုးသား လေလို့ ပြောတုန်းက ကျွန်မ ဘယ်လောင်တောင် ကြောင်တောင်တောင်ဖြစ်သွားလဲ သိလား...အဲဒီမှာ ဘာမှမဖြစ်သလို ဆက်နားထောင်နေခဲ့ရတာ.."
YOU ARE READING
Bittersweet
Fanfictionအချစ်ဟာ ချိုမြိန်သလား ခါးသီးပါသလား ချစ်ဖူးသူမှသာ သိနိုင်ပါလိမ့်မည် သေချာတာက "Love is a hole in the heart." ဆိုတဲ့အတိုင်း ချစ်မိသွားတာနဲ့ နှလုံးသားထဲက ကွက်လပ်ကို တစ်စုံတစ်ယောက်ကသာ ဖြည့်ဆည်းပေးနိုင်တာမျိုးပါပဲ သူမှ မဟုတ်ရင် အမြဲနာကျင်နေရတော့တာမျိ...