**မနက်ဖြန် လာခဲ့လို့ ဘက်ခဟျွန်းက ပြောလိုက်ပေမယ့်
နိုးနိုးချင်း ချက်ချင်းသွားဖို့အလုပ်ရှုပ်နေတယ်..ဒါမှမဟုတ် အားနာတဲ့စိတ်နဲ့ တွန့်ဆုတ်နေမိတယ်
မနက်စာစားပြီးတော့ သူ့ကားအဟောင်းစက်အဖုံးကို ဖွင့်ပြီး ပြင်နေတဲ့ ဖေဖေ့ကို ဝင်ကူလိုက်သေးတယ်
မီးဖိုထဲမှာ ဆိုလ်းကိုထည့်ပေးလိုက်ဖို့ ကင်မ်ချီသိပ်နေတဲ့ မေမေ့ကိုလည်း သူဝင်ကူပြီးပြီ
“ရောက်တုန်း ရောက်ခိုက် သွားစရာရှိတာ သွားစမ်းပါ” တဲ့ မေမေက အိမ်ထဲမှာ တစ်နေကုန် ကန့်လန့်ကန့်လန့်နဲ့ ကပ်နေတဲ့သူ့ကို ကြာတော့ ကြည့်မရဖြစ်လာဟန်တူတယ်
အဲ့ဒါနဲ့ပဲ သူထွက်လာခဲ့လိုက်တယ်
အိမ်ရှေ့က မြက်ခင်းပြင်မှာ တိုဘန်ကို ရေချိးပေးနေတဲ့ ဘက်ခဟျွန်း
သူ့ကို မြင်တော့ တိုဘန်က ဝမ်းသာအားရ ပြေးလာသည်
“ဟေး အဘိုးကြီး ခုထိပြေးနိုင်သေးတာလား”
ချန်းယောလ်က ပြေးလာတဲ့ တိုဘန်ခေါင်းကို ပွတ်ရင်း ရေပိုက်ရှိရာ ပြန်ခေါ်လာသည်
‘ညနေစောင်းနေပြီကို အေးကအေးနဲ့”
ရေချိုးတိုင်း အငြိမ်မနေတတ်တဲ့ တိုဘန်ကြောင့် ဘက်ခဟျွန်း အဝတ်တွေပါ ရွှဲစိုလျက်
ဘက်ခဟျွန်းက သူ့စကားကို မကြားလိုက်သလို
“တိုဘန်တော့ အအေးပတ်တော့မှာပဲ အခုမှ ရေချိုးပေးနေရသလား”
“လမ်းထဲက ကလေးတွေနဲ့ ရေကန်ဘက်ကို လိုက်သွားတာလေ၊ ရျွံ့တွေပေလာလို့..ကဲ ပြီးပြီ”
YOU ARE READING
Bittersweet
Fiksi Penggemarအချစ်ဟာ ချိုမြိန်သလား ခါးသီးပါသလား ချစ်ဖူးသူမှသာ သိနိုင်ပါလိမ့်မည် သေချာတာက "Love is a hole in the heart." ဆိုတဲ့အတိုင်း ချစ်မိသွားတာနဲ့ နှလုံးသားထဲက ကွက်လပ်ကို တစ်စုံတစ်ယောက်ကသာ ဖြည့်ဆည်းပေးနိုင်တာမျိုးပါပဲ သူမှ မဟုတ်ရင် အမြဲနာကျင်နေရတော့တာမျိ...