မီးခိုးရောင် Porsche Car လေးဟာ လမ်းငယ်ထဲကို ဖြည်းဖြည်းချင်းလှိမ့်ဝင်လာတယ်
မီးခိုးရောင်ဆွယ်တာကို ဖြူသန့်နေတဲ့ ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်း လူရွယ်တစ်ယောက် ဆင်းလာတယ်
သေသပ်စွာခက်ထားတဲ့ ခြံစည်းရိုးဖြူဖြူတွေကို တွေ့တဲ့အခါ သူ့နှုတ်ခမ်းမှာ အပြုံးတို့ စွန်းထင်းသွားတယ်
သော့ခတ်မထားတဲ့ ခြံတံခါးကို အသာအယာ
တွန်းဖွင့်ဝင်ရင်း အမှိုက်တစ်စမှမရှိ သန့်ရှင်းနေတဲ့ ခြံဝန်းကို အသိအမှတ်ပြုသလို ခေါင်းငြိမ့်တယ်...အိမ်ရှေ့က အဖြူရောင် ဒေစီတို့ဟာ တယုတယစိုက်ပျိုးထားတဲ့ ပိုင်ရှင်ရှိကြောင်း အသိပေးနေတယ်
*ကျွီ*
အိမ်ရှေ့တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်တော့
ကမန်းကတန်းပြေးပြီးထွက်လာတဲ့ လူတစ်ယောက််လက်ထဲမှာ ကြက်ဥခေါက်တံကိုလည်းကိုင်ထားလျက်သား
ဖလန်ထည်အကွက်ကြီးကြီး ဘောင်းဘီအနီရောင်နဲ့ တွဲဝတ်ထားတဲ့ အစိမ်းရောင်ဆွယ်တာက လက်တိုနေသေးသည်..အဲ့ဒီပေါ်မှာမှ
ပန်းရောင်ဧပရွန်ကို ထပ်ဝတ်ထားတဲ့သူဟာ
သူ့မျက်နှာကိုသာ ဖယ်ထားရင် ရယ်ချင်စရာသူ့ကို တွေ့လိုက်ရတဲ့ ခဏမှာ လင်းလက်သွားတဲ့မျက်ဝန်းရယ်...ချိုင့်ခွက်ဝင်သွားတဲ့ ပါးချိုင့်တစ်စုံရယ်
"ရောက်ပြီလား"
"အင်း"
အဲ့တာပဲ ပြောပြီး အကြာကြီး ငေးကြည့်နေမိကြတယ်
တကယ်တော့ သူတို့စိတ်ထဲက ခံစားချက်တွေကို စကားလုံးနဲ့ ဖော်ပြဖို့ မလုံလောက်တာ
ကြောင့်ဖြစ်မယ်ဘက်ခဟျွန်းဟာ ချန်းယောလ်ကို တွေ့ရင် ရုပ်ရှင်တွေထဲကလို့ ပြေးဖက်လိုက်ရမလားလို့ စဥ်းစားလာခဲ့တာ
ဒါပေမယ့် ချန်းယောလ်ရဲ့ " [waseo] ရောက်ပြီလား "ဆိုတဲ့ စကားကြောင့် ဘာဆက်လုပ်ရမှန်းမသိဘူး ဖြစ်သွားတော့တာ
YOU ARE READING
Bittersweet
Fanfictionအချစ်ဟာ ချိုမြိန်သလား ခါးသီးပါသလား ချစ်ဖူးသူမှသာ သိနိုင်ပါလိမ့်မည် သေချာတာက "Love is a hole in the heart." ဆိုတဲ့အတိုင်း ချစ်မိသွားတာနဲ့ နှလုံးသားထဲက ကွက်လပ်ကို တစ်စုံတစ်ယောက်ကသာ ဖြည့်ဆည်းပေးနိုင်တာမျိုးပါပဲ သူမှ မဟုတ်ရင် အမြဲနာကျင်နေရတော့တာမျိ...