"ဟာ လာပြီ လာပြီ"
ခေါင်းငိုက်စိုက်နဲ့ အိမ်ထဲကို ဝင်လာတဲ့ ချန်းယောလ်ကို စီးကြိုနေတဲ့ ကြားဖူးနေကျအသံကြောင့် ချန်းယောလ် ဝမ်းသာသွားသည်
"ဒိုဂယောင်းဆူ"
"ဟုတ်ပ သားသူငယ်ချင်းက သားရောက်နေတယ် သတင်းကြားလို့တဲ့ တကူးတကလာရှာတာ"
ချန်းယောလ်က ဂယောင်းဆူဆီသွားရင်း ပုခုံးဖက်ကာ နှုတ်ဆတ်လိုက်သည်။
"မင်း ဘယ်တွေရောက်နေလဲ"
"ငါက ဟိုဘက်နယ်က လယ်ယာစိုက်ပျိုးရေးရုံးမှာ"
"ဟင်"
ချန်းယောလ်က သူနဲ့မရင်းနှီးသော နယ်ပယ်ကြောင့် မျက်ခုံးတွန့်စဥ်းစားနေမိသည်
"အမလေး တို့ဂယောင်းဆူလေးက ဆိုလ်းရုံးက ရွေးချယ်ခံရတာတောင် အဲ့မှာပဲ မခွာဘူးလေ၊ ဒီနယ်တစ်ဝိုက်က ခြံတွေ၊စိုက်ခင်းတွေ အထွက်ကောင်းတာ သူ့သင်တန်းပို့ချမှုတွေကြောင့် တောင်သူကြီးတွေကတော့ သဲသဲလှုပ်နေရော၊ ဌာနမှူးလေး ဌာနမှူးလေးနဲ့"
မေမေက ဂယောင်းဆူ ယူလာပုံရတဲ့ လိမ္မော်သီးတွေ၊ စပျစ်သီးတွေကို ရေခဲသေတ္တာထဲထည့်ရင်း ကြွားသည်။ သူနာမည်ကြီးတာထက်ကို
ဂယောင်းဆူ နာမည်ကြီးတာကို ပိုသဘောကျနေပုံပါပဲဂယောင်းဆူကတော့ မေမေပြောတာကို အားရပါးရ ရယ်နေယုံအပြင် ဘာမှဝင်မပြော
"လာကွာ အပေါ်ထက်ကို သွားကြမယ်၊ ဒီမှာ
မေမေနဲ့ စကားပြောလို့ရမှာမဟုတ်ဘူး"ချန်းယောလ်က မေမေမကြားအောင် တိုးတိုးကပ်ပြောလိုက်သည်။
"မတတ်တော့ဘူးကွာ၊ ငါမနက်စောတည်းက ရောက်နေတာကွ၊ ဂျုံဒယ်နဲ့ အတူတူလာတာ သူတောင် မစောင့်နိုင်လို့ သွားပြီ။ ဘက်ခဟျွန်းဆီပဲ နေမှာပေါ့တဲ့ သူကတောင်ပြောသွားသေး"
"ရှူး"
မေမေကြားသွားမှာစိုးလို့ သူမြန်မြန်အရိပ်အချေပြရသည်
"ဒီည မီးပုံပွဲ ရှိတယ်လေ သိတယ်မလား၊ ညနေကျမှ တွေ့ရအောင်၊ ငါက မြို့နယ်အစည်းအဝေးတတ်ရအုံးမှာသွားတော့မယ်"
YOU ARE READING
Bittersweet
Fanfictionအချစ်ဟာ ချိုမြိန်သလား ခါးသီးပါသလား ချစ်ဖူးသူမှသာ သိနိုင်ပါလိမ့်မည် သေချာတာက "Love is a hole in the heart." ဆိုတဲ့အတိုင်း ချစ်မိသွားတာနဲ့ နှလုံးသားထဲက ကွက်လပ်ကို တစ်စုံတစ်ယောက်ကသာ ဖြည့်ဆည်းပေးနိုင်တာမျိုးပါပဲ သူမှ မဟုတ်ရင် အမြဲနာကျင်နေရတော့တာမျိ...