“ဘာတွေထပ်လုပ်စရာရှိသေးလဲ ဟျောင့်”Intercom ကနေ လှမ်းမေးလာတဲ့
ချန်းယောလ်အသံကြောင့် မင်ဆော့တစ်ယောက် သက်ပြင်းကိုချလိုက်သည်အရင်ကထက်ကို အလုပ်ကို အလွန်အကြွံလုပ်နေတဲ့ ချန်းယောလ်ကို သူတားမှဖြစ်တော့မယ်
ခရီးက ပြန်လာတဲ့ ပထမပိုင်းတော့ အလုပ်အကြွေးတွေများနေလို့ ထားပါတော့
အခုဟာ က ရက်ပေါင်း ၆၀ လောက် ရှိပြီကို
မနေမနားလုပ်နေတာနိုင်ငံခြားခရီးစဉ်ရှိလို့ သွားပြီးပြန်လာရင်တောင် မနားပဲ အလုပ်ကိုတန်းလာတာ
သူ့အိမ်ကိုတောင် တစ်ပါတ်တစ်ခါလောက်မှပြန်ပြီး ရုံးက ဆိုဖာပေါ်မှာပဲ အိပ်အိပ်နေတတ်တာ သူသတိထားမိတာကြာပြီ
ဂျွန်ဟီးနဲ့များ အဆင်မပြေကြတာလားလို့ တွေးမိပေမယ့်..သူအကဲခက်ရသလောက်တော့ အဲ့လိုလဲ မဟုတ်ပြန်
ချန်းယောလ်က စက်ရုပ်တရုပ်နဲ့ တူလာပြီး
လူတကာကိုလည်း စိတ်တိုင်းမကျဖြစ်နေသလိုပဲ
အခန်းထဲကို ဝင်သွားတဲ့အခါ စားပွဲပေါ် ခေါင်းငိုက်စိုက်နဲ့ လေဟာနယ်ကို စိုက်ကြည့်နေတဲ့
ချန်းယောလ်ချန်းယောလ် အဲ့လိုဖြစ်နေတာ ကြာပြီ
တစ်ခါတစ်လေ သူစကားပြောနေရင်းကနေ ငိုင်ကျသွားတာ သူများရှေ့မှာ ဟန်ဆောင်ထားလို့ရပေမယ့် သူကတော့ လွန်ခဲ့တဲ့ ၃ နှစ်လုံးလုံး အနီးကပ်နေလာတာမို့ သိသည်
အခုလည်း အေးစက်နေတဲ့ ကော်ဖီခွက် က အရာမပြတ်
သူ ဝင်လာတာကိုလည်း သတိထားမိပုံမပေါ်
“ချန်းယောလ်”
“အော်...ဟျောင့်”
အခုမှ သတိဝင်လာသလို မော့ ကြည့်သည်
“ဘာတွေ လုပ်ဖို့ရှိလဲ”
“နောက်နှစ်လောက်ထိကို မလုပ်မလုပ်ဘဲ ထိုင်နေလို့ရပြီ”
“ဗျာ”
“မင်း နားသင့်နေပြီ ချန်းယောလ် ၊ ဘာလဲ လက်ထပ်ပြီးရင် တစ်နှစ်လောက် အနားယူမလို့ အလုပ်တွေအခုအကုန်ကြိုလုပ်တာလား။”
YOU ARE READING
Bittersweet
Fanfictionအချစ်ဟာ ချိုမြိန်သလား ခါးသီးပါသလား ချစ်ဖူးသူမှသာ သိနိုင်ပါလိမ့်မည် သေချာတာက "Love is a hole in the heart." ဆိုတဲ့အတိုင်း ချစ်မိသွားတာနဲ့ နှလုံးသားထဲက ကွက်လပ်ကို တစ်စုံတစ်ယောက်ကသာ ဖြည့်ဆည်းပေးနိုင်တာမျိုးပါပဲ သူမှ မဟုတ်ရင် အမြဲနာကျင်နေရတော့တာမျိ...