ဘာ ဒိတ်ရှိလို့ ဟုတ်လား
ဒါကြီးက ဘက်ခဟျွန်းသပ်သပ် ကလိမ်ကကျစ်ကျတာပဲမလား
ဘက်ခဟျွန်းနောက်ကို သူလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်
အလွတ်ထားစရာလား
သူ့ကိုကျ မကွာရှင်းနိုင်ပါဘူးဆိုပြီး နောက်တစ်ယောက်နဲ့ကျ ဒိတ်ဖို့တဲ့
ဆောင့်တတ်လာတဲ့ သွေးကို အံကြိတ်ထိန်းရင်း ဘက်ခဟျွန်းရှိနေနိုင်မယ့် မြို့ထဲက တစ်ခုတည်းသော ဘားသို့
ဝါဖန့်ဖန့်အလင်းရောင် အပြင်အဆင်နဲ့ ဒီနေရာဟာ မြို့ထဲ့က လူငယ်တိုင်းအတွက် အရှားပါးဆုံး သုခဘုံတစ်ခု
ချန်းယောလ်ဟာ သူ့ဆံပင်ကို သပ်လိုက်ရင်း အပြုံးတုတစ်ခုကို တပ်ဆင်လိုက်တယ်
“ဟေး ချန်းယောလ်ပါလား၊ ဘယ်တော့ လာမလဲ မျှော်နေတာ”
ဘားဆိုင်ရှင် ဉီးကြီးက ဝမ်းသာအားရ နှုတ်ဆတ်တာကို သူပြန်ဖတ်လိုက်သည်
“ကျွန်တော်လည်း ရောက်တည်းက လာချင်နေတာ၊ အပြင်အဆင်က ဘာမှ မပြောင်းလဲဘူးနော်”
“အင်းပေါ့ကွ”
“မီးသီးလေးဘာလေး လဲပါလား၊ ဘိလိယက်ခုံတွေ ဖယ်လိုက်ရင် ပိုကျယ်သွားမှာ”
“ချန်းယောလ်ကတော့ နောက်ပြီ၊ ဒီဘိလိယက်ခုံတွေဖယ်မယ်ဆိုလို့ မင်းတို့တွေ ငါ့ကို ဆိုင်အပြင်ကနေ သော့ခတ်ပြီး ခြိမ်းခြောက်ကြတာ မမှတ်မိတော့ဘူးလား”
အဲ့ဒါ အရင်တုန်းကပါ လို့ သူပြန်ပြောမယ် လုပ်ပြီးမှ မပြောဖြစ်တော့
ဘိလိယက်ခုံစားပွဲစောင်းမှာ ဟန်ပါပါ မှီရင်း အမျိုးသားတစ်ယောက်နဲ့ စကားပြောနေတဲ့ ဘက်ခဟျွန်း
အဲ့ဒီအမျိုးသားက သူတို့ထက် ငယ်မယ့်ပုံ သူတစ်ခါမှတော့ မမြင်ဖူး
သူဝင်လာလို့ ဝိုင်းနှုတ်ဆက်ကြတဲ့သူငယ်ချင်းဟောင်းတွေကို ကျော်သွားရင်း ဘက်ခဟျွန်းဆီ ဦးတည်လိုက်တယ်
“ဘယ်သူလဲလို့ နတ်ဆိုး ဝင်လာတာပဲ”
ဘက်ခဟျွန်းက သူ့ကိုမြင်တော့ မဲ့ပြုံးပြုံးရင်း ရေရွတ်လိုက်တယ်
YOU ARE READING
Bittersweet
Fanficအချစ်ဟာ ချိုမြိန်သလား ခါးသီးပါသလား ချစ်ဖူးသူမှသာ သိနိုင်ပါလိမ့်မည် သေချာတာက "Love is a hole in the heart." ဆိုတဲ့အတိုင်း ချစ်မိသွားတာနဲ့ နှလုံးသားထဲက ကွက်လပ်ကို တစ်စုံတစ်ယောက်ကသာ ဖြည့်ဆည်းပေးနိုင်တာမျိုးပါပဲ သူမှ မဟုတ်ရင် အမြဲနာကျင်နေရတော့တာမျိ...