နိဒါန်း

3.4K 282 3
                                    

 
'အချစ်ရဲ့ နှလုံးသားများစတင်ခြင်း' က ဆယ်ကျော်သက်အချစ်ဝတ္ထုတစ်ပုဒ်ဖြစ်တယ်။အမှန်က ငယ်ပေါင်းကစား‌ေဖာ် ကစားဖက်တွေက အထက်တန်းရောက်လာတော့ အချင်းချင်းချစ်ကြွမ်းဝင်သွားတဲ့ပုံစံပဲ။ ဖတ်လို့ကောင်းပေမဲ့ မှန်းရလွယ်တဲ့ဇာတ်ကြောင်းနဲ့ စိတ်ဝင်စားစရာ ထွေထွေထူးထူးမပါဝင်ပေဘူး။ အဓိကဇာတ်ကောင်တွေက 'မိယဇခိခေ' နဲ့ 'တခဟရှိယုဂျီ' တို့ပဲ။သူတို့က အိမ်နီးနားချင်း ငယ်သူငယ်ချင်း ကစားဖော်တွေ။ကျောင်းကိုလည်း အတူတူတက်ခဲ့ကြပီး ကိစ္စတော်တော်များများကို အတူတူလုပ်ဆောင်ခဲ့ကြတယ်။

တ‌စ်နေ့တော့ 'ခေ'ရဲ့ အဖေကအလုပ်ကြောင့် တခြားမြို့ကို ပြောင်းရွှေ့ရတဲ့အခါ သူတို့နှစ်ယောက် ခွဲခွာဖို့အကြောင်းဖန်လာ‌ေတာ့တယ်။ အဲ့ချိန်ကစပီး 'ယုဂျီ' ဟာ အဖော်မဲ့သွားခဲ့တယ်။ တကယ်တော့ 'ယုဂျီ' မှာ သူငယ်ချင်းတွေအများကြီးရှိနေသေးပေမဲ့ သူရဲ့ သူငယ်ချင်းလေး 'ခေ' နဲ့တော့ ယှဉ်လို့မရ‌ေပဘူး။

ဒါပေမဲ့ အဲ့ချိန်မှာ သူတို့မချစ်မိကြသေးဘူး။

'ခေ'က သူ့ရဲ့မြို့ကို ပြန်လာပီး သူတို့ပြန်တွေ့ကြတော့မသာ  'ယုဂျီ' က သူ့ရဲ့ 'ခေ' အပေါ် တစ်ဖက်သက်ခံစားချက်တွေကိုသတိပြုမိခဲ့တာ။ပီးတော့ ဒီခံစားချက်တွေကို ပိုမိုရင့်သန်လာစေတာက 'နာကမူရာရှင်း' ကြောင့်ပဲ။သူက 'တခဟရှိယုဂျီ' ကိုချစ်မိသွားတယ်လေ။ 'ခေ' ပြောင်းရွှေ့သွားတော့ သူကအဲ့အခွင့်အရေးကို သုံးပီးတော့ 'ယုဂျီ' နဲ့ရင်းနှီးချင်ပီး သူ့ရဲ့နှလုံးသားကို ရယူချင်ခဲ့တာ။

ဒါပေါ့ ‌ပြောစရာတောင်မလိုဘူး 'ယုဂျီ' က 'ရှင်း' ကိုစိတ်မဝင်စားဘူး။ 'ရှင်း' က နေ့တိုင်းအားကြိုးမာန်တက်နဲ့ 'ယုဂျီ' ဆီကို ချဉ်းကပ်တတ်တဲ့အပြင် 'ယုဂျီ' ကိုသဘောကျ‌ေနတဲ့ မိန်းကလေးတွေနဲ့ သူ့သူငယ်ချင်းတွေကိုလည်း ခြိမ်းခြောက်သေးတယ်။တကယ်ကို စိတ်ရှုပ်စရာပြဿနာပဲ။ ဒါနဲ့ပတ်သက်ပီး 'ယုဂျီ' က ဆွေးနွေးဖို့ အကြိမ်ကြိမ်ကြိုးစားပေမဲ့ 'ရှင်း' က လက်မခံဘူး။သူပြောတာက

   "ငါက မင်းရဲ့အချစ်ကိုမရရင် တခြားသူတွေလည်း မရစေရဘူး" တဲ့လေ။

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now