အခန်း (၂၄)ခေါင်မိုးထပ်က ဆွေးနွေးပွဲ

429 39 0
                                    


ဘာဖြစ်ခဲ့ကြတာလဲ?

ခေ :"နကမူရာ...ဘာလို့ဒီလို လုပ်ချင်ရတာလဲဟင်"

"..."

ခေ : "အင်း အဆင်ပြေမှာပါ။အရာရာအဆင်ပြေသွားလိမ့်မယ်"

"...တစ်ခုခုသွားစားဦးမယ်" ရှင်း အခန်းထဲကထွက်သွားသည်။

"..."

ခေ အနည်းငယ် စိုးရိမ်လျက် "ယုဂျီ!ငါတို့ တစ်ခုခုလုပ်ရမယ်။ နကမူရာကြည့်ရတာ ဝမ်းနည်းနေသလိုပဲ စုဇုကီ-စံ ကလည်း ထူးထူးဆန်းဆန်းပုံနဲ့..."

ခေ: "ငါတို့ ပေါ်ပေါ်ထင်ထင်တော့ လုပ်လို့မရဘူး။ဒီအတိုင်း လုပ်ရမယ်..."

"ဘယ်လိုလုပ်ရမယ်...?"

"မင်းစဥ်းစားလေ ဘာလို့ယုဂျီက အော်ချင်တာဖြစ်လောက်မလဲ။ သေချာပေါက်တစ်ခုခုကို ဖွင့်ထုတ်ချင်နေလို့ပေါ့ ဟုတ်တယ်မလား?" ခေ ထပ်မံခွဲခြမ်းစိပ်ဖြာလိုက်၍ "ဒီမယ်နော် ဟာရူတိုက ပြသနာအရင်းအမြစ်လား မသေချာဘူး။ဒါပေမယ့် အရေးကြီးတယ်။ နကမူရာက စုဇုကီကို တစ်ခုခုပြောချင်နေပေမယ့် ဘယ်လိုပြောရမလဲ မသိလို့ဖြစ်မယ်!"

"..." ယုဂျီ ခေအား လေးစားစွာကြည့်လိုက်သည်။

"အဲ့တော့ ငါတို့လုပ်ရမှာက မသိမသာလေးနဲ့ သူတို့စကားပြောဖို့ အခွင့်ရေးတစ်ခုဖန်တီးပေးလိုက်ရုံပဲ။ငါ ပြောတာသဘောပေါက်လား?" ခေ သူ့လက်တွေကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လျက် ထပ်လောင်းပြောလိုက်သည်။

ယုဂျီ: "ငါတို့ လုပ်တာတစ်ခုခုလွဲသွားရင်ရော?"

ခေ သက်ပြင်းချလိုက်လျက် : "အေးနော်..."

"..."

"ငါ့မှာ တခြားအကြံတစ်ခုရှိသေးတယ်"

"ဘာလဲ?"

"စုဇုကီ စံ ဆီသွားပြောရအောင်!"

ယုဂျီ ဘာမမပြောနိုင်ခင် ခေ ဆွဲခေါ်ရာနောက် ပါသွားတော့သည်။ပထမဆုံးဦးတည်ရာမှာ ဟာရူတို၏စာသင်ခန်းထဲကိုဖြစ်သော်လည်း လူကားရှာမတွေ့ချေ။ဟာရူတိုချောင်းပေါက်မတတ်သွားနေသည့် ခေါင်မိုးထပ်ကို သွားရှာဖို့ ခေ ဆုံးဖြတ်လိုက်သည်။အချိန်များစွာ မယူလိုက်ရဘဲ လှေကားပေါ်မှာ တစ်ယောက်တည်းထိုင်နေသည့် ဟာရူတိုအား တွေ့ရတော့သည်။

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now