ယုဂျီ ကော်ဖီဆိုင်ဘက်ပြန်လာရာ ခေကတော့ ကော်ဖီမှုတ်နေဆဲဖြစ်သည်။ယုဂျီ ခေ့အား နွမ်းလျစွာ ပြန်ပြုံးပြသည်။နှစ်ယောက်သား မျက်နှာချင်းဆိုင် လျှောက်လာနေကြပြီး ခေ ရှင်းအား ယုဂျီဘေးတွင် မတွေ့ရသည်တည်းက ဘာဖြစ်ခဲ့သည်ကို မှန်းနိုင်သည်။ သို့သော်လည်း လွဲမှားသွားနိုင်သည်ကြောင့် "ဘာဖြစ်ခဲ့တာလဲ?"ယုဂျီ ခေါင်းယမ်းလိုက်သည်။
ဤလောက်ဆိုလျှင်ပင် ခေ နားလည်သွားပီ ဖြစ်သည်။
ယုဂျီ : "ငါ ပေါ့ပါးသွားသလိုပဲ။ဘယ်လိုခံစားရလဲဆိုတော့... စကားလုံးနဲ့သေချာမပြောတတ်ဘူး။စိတ်အေးသွားသလိုပဲ နကမူရာကို ဖွင့်ပြောလိုက်ရတဲ့အတွက်"
ခေ: "အင်း ကောင်းတာပေါ့"
"စကားမစပ် ငါတို့အပြင်ရောက်နေတာဆိုတော့ ဘာလုပ်ချင်လဲ?"
"အင်...ဆိုင်ကနေ တစ်ခုခုအရင်စားရအောင် ပီးတော့မ ရှော့ပင်း ထွက်ကြရအောင်လေ"
"အိုခေ"
နှစ်ယောက်သား ကော်ဖီဆိုင်ထဲသွားလိုက်ကြသည်။လျှောက်နေရင်း ခေ ယုဂျီအား မေးဖို့ တစ်ခုကျန်နေသေးသည်ကို အမှတ်ရသွားသည်။ယုဂျီ ရှင်းအား ကြိုက်သည်ဆိုတည်းက သေမတတ်သိချင်နေသည့် မေးခွန်းဖြစ်သည်။
ခေ : "ဒါနဲ့လေ နကမူရာ ရည်းစားရသွားတာ ငါမသိလိုက်ဘူးရော်။ဘယ်သူနဲ့လဲ?"
"..."
ယုဂျီ ရယ်သွေးသမ်းလျက် ခေ၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
"ဟ!ဘာတွေဖြစ်သွားတာလဲ။ ငါဘာတွေလွတ်သွားပြန်ပီလဲလို့!".
ထိုအချိန်...
ဟာရူတို သူ့အမေ ပုန်းလျှိုးကွယ်လျှိုးလုပ်ကာ အလှဆင်နေသည်ကို ကူညီပေးနေသည်။
"သူဒါကို လုံးဝရှာမတွေ့နိုင်ဘူး။အမှိုက်ပုံးကိုတော့ လှန်ရှာမနေလောက်ဘူးမလား?ပြီးပြီ ဒါဆို!" ရိုင်ကို ပြောကာဆိုကာ အလှဆင်ပစ္စည်းအသေးလေးတွေကို ပလတ်စတစ်ဖြင့် အထပ်ထပ်ပတ်ကာ အမှိုက်ပုံးအောက်ခြေသို့ ထိုးထည့်လိုက်သည်။
"ရှင်း ဝယ်လာမယ့်ပစ္စည်းတွေကရော"
"အယ် ဟုတ်သား..."

YOU ARE READING
ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】
Roman d'amour33chapters Status: Complete Start date:2.1.2024 End Date: 13.2.2024 Updates will be as soon as possible. (Note:This isn't mine.Just translation) English name: Villain gets lazy sometimes by @Fluffball88