အခန်း(၇)စောင့်ရှောက်သူအဖြစ် ဟာရူတို

1.8K 223 8
                                    

ဒီအပိုင်းက ဟာရူတိုရဲ့ povကိုအထိကထားမှာပါ။
~~~~~~~

ရှင်း ပြောင်းလဲသွားပီးနောက်ပိုင်း ရက်အနည်းငယ် အကြာတွင်ဖြစ်သည်။

အတိအကျဆိုရလျှင် (၈) ရက်မြောက်ပေ...

ယုဂျီနှင့် ရှင်း ပြေလည်သွားပြီး သူငယ်ချင်းအဖြစ်ရောက်ရှိသွားသည်။ 'ငါကတော့ သူတို့ကို သူငယ်ချင်းအဖြစ်သတ်မှတ်လို့ရတယ်လို့မထင်ဘူး'. ယုဂျီ ကစကားပြောပြီး ရှင်းက ခေါင်းလိုက်ငြိမ့်သည်။ သို့ပေသိ မကြာခနလည်း ပြောနေကြတာမဟုတ်ပေ။

ရှင်း ယုဂျီနှင့် လုံးဝမတွဲဘဲ, အဲ့ဒီအစား ခေါင်မိုးထပ်မှာ သူနှင့်တွဲသည်။

'ခနလေး, တကယ်က ငါ့ကိုမဟုတ်ဘဲ ခေါင်မိုးထပ်ကို ကြိုက်တာထင်တယ်'

'ဘာပဲဖြစ်ဖြစ် သူ ငါနဲ့ ပတ်သက်ရတာပဲ'

လက်ရှိမှာတော့, သူရဲ့အမြဲတမ်းပုံစံလိုပဲ နွေးထွေးတဲ့ခုံတန်းလျားမှာ အေးချမ်းစွာအိပ်စက်နေသည်။ 'အရိုးသားဆုံးဝန်ခံရမယ်ဆို ပြောင်းလဲမှုတွေက တကယ် အံ့သြစရာပဲ ဒါပေမဲ့ ငါက အံ့သြစရာတွေကို သဘောကျတယ်..စိတ်ဝင်စားစရာ ဒီပြောင်းလဲတွေကို စူးစမ်းဖို့ ဆုံးဖြတ်လိုက်တယ်.'
ဤပြောင်းလဲမှုအသစ်တွေအပေါ် အားလုံး၏ တုံ့ပြန်မှုက ကွာခြားသည်။

တစ်ချို့က ဂရုစိုက်သည်, တစ်ချို့က မစိုက်, တစ်ချို့က စိတ်မဝင်စား, တစ်ချို့က သူေပြာင်းလဲသွားသည်ကို မယုံကြည်, ဤသရုပ်ဆောင်ချက်တွေအားလုံးသည် ယုဂျီ၏ အရေးပေးမှုကိုလိုချင်၍ဟု..,ပြီးလျှင် တစ်ချို့က လက်ခံကြသည့်ဘက်မှ ဖြစ်သည်။

ပြောင်းလဲမှုတွေအပေါ်ငါ့ရဲ့အမြင်ကလား?

ငါ ပြောခဲ့သလိုပဲလေ စိတ်ဝင်စားစရာကောင်းတယ်လို့ ပြီးတော့ ငါမှန်မယ်ဆိုတာလည်း ယုံတယ်။သက်ပြေပြရမယ်ဆိုရင် ငါ့ရဲ့သနားစရာ ပါးလေးပဲ, ကြောင်ဆိုးလေး မနေ့က ငါ့ကိုကုတ်နိုင်ခဲ့တယ်။ငါ စတာတွေ ကစားတာတွေအရမ်းများနေတယ်ထင်ရတယ်ဆိုပေမယ့်လည်း အဲ့တာတွေကြောင့်ပဲ အချက်အလက်သစ်တွေ အများကြီး ရှာတွေ့ခဲ့တယ်။

ငါက လိုက်ချောင်းမြောင်းတဲ့သူလား?

မဟုတ်ပါဘူး, ငါသူနဲ့အတူ ရှိနေပီး စိတ်ထဲကနေမှတ်ထားတာ။ငါသူ့ကိုလိုက်ကြည့်နေတာ သူသိတယ်လေ အဲ့တော့အကုန်အဆင်ပြေပါတယ်။

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now