အခန်း (၃၂)ဆောင်းရာသီဖြတ်သန်းခြင်း

321 23 0
                                    

"အနာဂတ်မှာ နှစ်ယောက်သား အတူရှိနေသေးမယ်ဆိုရင် နောက်တစ်ခေါက် မင်းကို တွေ့ဖို့ မျှော်လင့်နေပါ့မယ်"

နှင်းကျချိန်...

အညိုရောင် ကုတ်ဝတ်ထားသည့် အမျိုးသားတစ်ယောက် နှင်းပွင့်တွေကို လိုက်ဖမ်းဆုပ်နေသည်။ ပါးစပ်ထဲမှလည်း ဆောင်း၏လက္ခဏာတစ်ရပ် ဖြစ်သော အငွေ့တွေထွက်နေသည်။လက်အိတ်စွတ် ထားသည့် လက်တွေဖြင့် ထူထဲနေသည့်မာဖလာကို ပြင်ညှိဖို့ ခေါင်းငုံ့လိုက်သည်။ ထိုသူသည် အပြင်ဘက်တွင်ရပ်နေလျက် ဖြတ်သွားဖြတ်လာများ ဆောင်းပွဲတော်အတွက် ပြင်ဆင်နေသည့် လူများကို လိုက်စူးစမ်းနေသည့်ဟန်ဖြင့် ကြည့်နေသည်။

"ရှင်း! ဒီမှာ ဒီမှာ!" ခရမ်းရောင် ဆံပင်ဖုတ်သိုက်နှင့် လမ်းလျှောက်လာနေသည့် ကောင်လေးသည် သူ့လက်ကို ဝှေ့ရမ်းပြလိုက်သည်။

ရှင်း ပြုံးလိုက်ကာ ပြန်လက်ပြလိုက်သည်။

"ခေ-စံ"

"ဝါး...တကယ်ကို အချိန်တွေကြာသွားပီပဲ" ခေ ရှင်း၏ ခေါင်းအစခြေအဆုံး စစ်ဆေးလိုက်သည်။ "မင်း အရပ်ပိုရှည်လာတယ်"

ရှင်း : "မင်းရောပဲ"

သူတို့တွေ ဖွံ့ဖြိုးလာကြကာ အနည်းငယ် အရွယ်ရောက်လာကြသည့်ပုံပင်။ရှင်း သူ့ဆံပင်မှာ ရှည်နေဆဲဖြစ်ကာ ခေကတော့ တော်တော်ရှည်ကာ ဂုတ်ထိထောက်နေပီဖြစ်သည်။နောက်ဆံပင်ကို ဆံကွင်းအနီရောင်တစ်ခုနှင့်လည်း စီးထားသေးသည်။

"အူဝါး...မင်းနဲ့ စကားပြောရတာကို လွမ်းနေတာပါဆို..."

"ရှေ့ရက်ကပဲ ငါတို့ ဖုန်းပြောခဲ့ကြသေးတာကို"

"ငါတို့ လူချင်းမတွေ့ရတာ သုံးနှစ်ရှိနေပီဆိုတာကိုလည်း ထည့်ပြောဦးလေ!" ခေ သူ့လက်အိတ်ကို ချေမွနေလျက် "ငါတို့ အဲ့လောက်တောင် အလုပ်များခဲ့ကြပါလား နော်?"

ရှင်း : "ဟုတ်တယ်ဆို ဒါပေမယ့် ငါတို့ တဖြည်းဖြည်းအခြေကျနေကြပီလေ မင်းကရော?"

"အို! တော်တော်လေး အဆင်ပြေပါတယ်! ဖုန်းထဲမှာ ပြောခဲ့အတိုင်းပဲ ဒီဇိုင်းနာ တစ်ယောက်ဖြစ်ရတာ ပျော်ဖို့ကောင်းတယ်။စာရေးကိရိယာတွေ လုပ်ရတာ တော်တော်လေး စိတ်ကို သက်သောင့်သက်သာဖြစ်စေတယ်ပြောရမယ်'

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now