အခန်း(၁၇)ဝေးကွာနေရခြင်း

790 77 1
                                    


သူတို့တွေအကုန် ကျွဲမြီးတိုနေသည့်ပုံစံတွေနှင့် မတ်တပ်ရပ်နေကြ၏။ 'သူ့အဖေက ဇိမ်ခံမှန်လုံကားအကြီးစားကြီးကို စီစဉ်ပေးထားတာပေါ့ ,လာနောက်နေတာလား?' ရှင်းကို သက်သောင့်သက်သာဖြစ်စေသည့်တစ်ခုတည်းသော အရာမှာ မှန်အလုံတွေသာလျှင် ဖြစ်သည်။ နယ်ခံတွေ၏ အကြည့်ပေါင်းများစွာကို ခံနေရသည်။ရှင်း ထိုင်ခုံပေါ် အနည်းငယ် မှီချလိုက်သည်။သူ တကယ်ကို အပြင်ကို မကြည့်ချင်တော့ပေ။မြင်ကွင်းတွေက လှပါသည် သို့ပေသိ တစ်ယောက်ယောက်ကတော့ အမြဲတမ်းကာဆီးနေသည်။

ခမ်းနားကြီးကျယ်လှသည့် ဂျပန်ရိုးရာအိမ်ကို ရောက်ဖို့ရာ ဆယ်မိနစ်သာလျှင် ကြာညောင်းခဲ့သည်။သူရဲ့အဖွားက သစ်သားတံခါးကြီး၏ညာဘက်နားတွင် ပန်းရောင် ကီမိုနိုကို ဝတ်ဆင်လျက် စောင့်နေခဲ့သည်။

"ရှင်း!...မြေးလေး ရောက်လာပီပေါ့"

"ဟုတ် အဖွား "

"အထဲဝင်လေကွယ် ခရီးကပင်ပန်းရောပေါ့ , လက်ဖက်ရည်လေးဘာလေးသောက်ကြရအောင်"

"ကောင်းသားပဲ..."ရှင်း အဖွားနောက်ကနေ အိမ်ထဲလိုက်ဝင်ခဲ့သည်။ပြီးနောက် အခံအခင်းပေါ် ထိုင်လိုက်ကြသည်။အိမ်အကူလေးတွေရောက်လာပီး မုန့်ပဲသရေစာတွေနဲ့လက်ဖက်ရည် လာချပေးသွားကြသည်။ရှင်း ဆင်ခြေတစ်ခုလောက်ရှာကာ ဖုန်းထုတ်ယူလိုက်သည်။

{ငါရောက်ပီ၊ဖုန်းမခေါ်နဲ့ဦး၊အဖွားနဲ့စကားပြောနေလို့}

{ရောက်ပီပေါ့၊ကောင်းကောင်းပျော်ခဲ့!အားရင် စာပို့♡(╹⁠▽^人⁠ )}

ဟာရူတို🌞 ဆီမှမက်ဆေ့ပင်။

'...ပြန်စာက အရမ်းမြန်တာပဲ။ထိုင်စောင့်နေတာများလား။ သူနဲ့တော့ ဘယ်လိုလုပ်ရမလဲ'

"ပျော်နေတာပေါ့လေ"သူ့အဖွား ပြုံးပြလာသည်။ရှင်း သူ့ဖုန်းကနေခွာကာ အဖွားကို ကြည့်လိုက်သည်။အဖွားကတော့ တကယ်ပျော်နေတာပဲ။ ရှင်းသူ့ဖုန်းကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည် "ဟုတ်ကဲ့..."

"မင်းကြည့်ရတာ ‌နူးညံ့နေတာပဲ၊တစ်ယောက်ယောက်နဲ့ချစ်မိသွားတဲ့ မျက်ဝန်းတွေရောပဲနော်"

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now