"မင်းအဆင်ပြေရဲ့လား?"ရှင်း လဲကျသွားသည့်ကလေးကိုမေးလိုက်သည်။ကလေးတွေ လမ်းမပေါ်မှာဆော့နေကြတာဖြစ်ပီး ကလေးတစ်ယောက်က ရုတ်တစ်ရက်ရှင်းကို ဝင်တိုက်မိခြင်းဖြစ်သည်။ ရှင်းကိုအဝေးရောက်အောင်လုပ်နိုင်သည့် အားမရှိသော်လည်း ရုတ်တစ်ရက်ဖြစ်တာကြောင့် နောက်ကိုအနည်းငယ် ယိုင်ထိုးသွားခြင်းဖြစ်သည်။
ကလေးက ဒူးပွန်းပဲ့ရာမှလွဲ၍ ကြီးကြီးမားမား မထိခိုက်မိပေ။
အကူအညီအော်တောင်းနေသည့် အမျိုးသမီးက စိုးရိမ်မှုတွေလွန်ကဲနေတာဖြစ်သော်လည်း ရှင်း သူ(မ)၏ စိုးရိမ်မှုကိုနားလည်ပါသည်။မကြာခင်ပဲ ကလေးအမေရောက်လာပီး သူ့သားအခြေအနေကိုစစ်ဆေးနေလေသည်။ဘေးနားတွင်ရှိနေသည့် ကလေး၏သူငယ်ချင်းတွေကလည်း ထိတ်လန့်နေကြပေသည်။
ကလေး အခြေအနေအဆင်ပြေသွားတော့မ သူက ရှင်းကို ခါးညွှတ်လျက် ရိုသေစွာတောင်းပန်လာသည်။ "တောင်းပန်ပါတယ် အကိုကြီးခင်ဗျ၊ ကျွန်တော်ပြေးလာတုန်းက သေချာမကြည့်လိုက်မိဘူး"
"ရပါတယ်၊ နောက်တစ်ကြိမ်ဆိုရင် သတိထားနော်" ရှင်း အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"ဟုတ်!ကျေးဇူးတင်ပါတယ် အကိုကြီး"
နှုတ်ဆက်လိုက်ကြပီးနောက် ကလေးက ဆက်ကစားဖို့ထွက်သွားတော့သည်။မနက်ခင်းအစောမှာ အားအင်သစ်အပြည့်နှင့်ပင်။
ရှင်း သူ့ပစ္စည်းတွေစစ်ကြည့်လိုက်တော့ ကံကောင်းစွာနှင့် ထိခိုက်မသွားကြချေ။သို့သော်လည်း ဖုန်းကတော့ ကံမကောင်းချေ။ကွန်ကရစ်လမ်းမပေါ်တွင် လဲလျောင်းနေရလေသည်။
"..."
ရှင်း ဖုန်းကိုကောက်ယူလိုက်သည်။
'သေစမ်း!'
'ဖုန်းကဖွင့်မရတော့ဘူး!'
"အိုး...မဖြစ်ရဘူးလေ" ရှင်း ယခုချိန်မှာလောက် ဝမ်းနည်းပက်လက် မခံစားခဲ့ရဘူးပေ။'မဟုတ်သေးဘူး, ဒါလောက်လေးနဲ့ စိတ်ဓါတ်ကျမနေနဲ့' ဟာရူတိုကို ဆက်သွယ်ဖို့ နည်းလမ်းများစွာရှိသေးသည်။ 'တစ်ယောက်ယောက်ရဲ့ဖုန်းကိုငှားလိုက်ရင် ရပီလေ,ရိုးရိုးလေးပဲဟာကို!... သောက်ကျိုးနည်း! အသစ်ပဲဝယ်တော့မယ်!'
![](https://img.wattpad.com/cover/359439888-288-k97739.jpg)
YOU ARE READING
ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】
Lãng mạn33chapters Status: Complete Start date:2.1.2024 End Date: 13.2.2024 Updates will be as soon as possible. (Note:This isn't mine.Just translation) English name: Villain gets lazy sometimes by @Fluffball88