"နောက်နာရီနည်းနည်းလောက်နေရင်..."ရှင်း ရေရွတ်လိုက်လိုက်သည်။
သူ့ရဲ့အိပ်ယာပေါ်မှာ ခေါင်းအုံးကို ပိုက်လျက် မျက်နှာကျက်ကို ကြည့်နေ၏။ နောက်နာရီအနည်းငယ်မှာ ဖြစ်မည့်အရာကို တွေးနေခဲ့သည်။မနက်မိုးလင်း ကျောင်းရောက်သည့်အခါ အရမ်းရင်းနှီးနေသည့် ဇာတ်ကောင်တစ်ယောက်ကို တွေ့ရလိမ့်မည်။ စစ်မှန်ဖြူစင်ခြင်းနှင့်ချစ်စရာကောင်းခြင်းတို့၏ စံနမူနာအဖြစ် သိထားကြသော 'မိယဇခိခေ' ပင်။
ခရမ်းရောင်ဖျော့ဖျော့ဆံပင်,ငွေရောင်မျက်ဝန်းပေါက်လေး, အပြုံးချိုချိုလေးတို့နှင့်။
ခေ သည် ချစ်စရာကောင်းသောအမွှေးနုနု ဘောလုံးရုပ်လေးကဲ့သို့ ဖြစ်သည်။
သူ့မှာ အေးချမ်းစေနိုင်သည့်ကိုယ်ရောင်ဝါရှိသည်။ ချစ်စရာကောင်းသည့်အပြင် ရှင်း ကဲ့သို့ဆွဲဆောင်မှုလည်း ရှိသည်။ယုဂျီနှင့်လည်း အရပ်အတူတူနီးပါး ဖြစ်သည်။
အားလုံးသိကြသည့်အတိုင်း.....မူလ ရှင်းသည် ခေကို မုန်းလှသည်။ ခေ သည် မည်မျှကိုယ်ကျင့်သိက္ခာကင်းမဲ့ကြောင်း,ဆိုးသွမ်းယုတ်မာကြောင်း ကောလဟာဟများ ဖြန့်တတ်သည်။ခေ ၏ ဘဝဆက်စုပ်ရွံရှာစေဖို့အတွက် အတုအယောင်သက်သေများပင် စုဆောင်းတတ်သေးသည်။ရှင်း (ထို့မာ) ကတော့ ဤလုပ်ရပ်များ လုံးဝမလုပ်ပေ! ထိုအရာများက အရမ်းပင်ပန်းစေမှာဖြစ်ပြီး သူလည်း ဗီလိန်အခန်းမှ အနားယူထားပြီးပြီ ဖြစ်သည်။တစ်ယောက်ယောက်က သူနေရာအစားထိုးဝင်ယူချင်လျှင် ယူပါစေ။ယုဂျီက ပညာပေးလိမ့်မည်။
အဲ့တာတွေအပြင်, ရှင်းသည် တစ်စုံတစ်ယောက်ကြောင့် မအားလပ်ပေ။
ခေ ပေါ်ထွက်လာခြင်းကြောင့် ရှင်း နောက်ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ရဦးပေမည်။ ဤဖြစ်ရပ်ကြောင့် မူလ ရှင်း၏ ယုဂျီ အပေါ်အချစ်ကို ထပ်မံသေချာသွားစေသည်။ သူ၏ဆုံးဖြတ်ချက်သည် ရှင်း ယုဂျီ ကို မည်မျှချစ်ကြောင်း ပြသရန် အခွင့်ရေးကောင်းတစ်ခုကို လက်လွှတ်လိုက်ခြင်းပင် ဖြစ်သည်။(ရှင်း (ထို့မာ) အမြင်တွင်တော့ အလွန်ကောင်းမွန်သည်)

YOU ARE READING
ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】
Lãng mạn33chapters Status: Complete Start date:2.1.2024 End Date: 13.2.2024 Updates will be as soon as possible. (Note:This isn't mine.Just translation) English name: Villain gets lazy sometimes by @Fluffball88