Unicode
ပထမဆုံးအကြိမ် အစည်းအဝေးက ခပ်ရှင်းရှင်း။ဆရာမက လေ့ကျင့်ရေးဆင်းခြင်း ၊ စာပို့ချချက် နားထောင်ခြင်း ၊ အမျိုးမျိုးသော ကျောင်းတွင်းလှုပ်ရှားမှုများနှင့်ပြိုင်ပွဲများတွင် ပါ၀င်ဆင်နွှဲခြင်းစသည့် ဒုတိယနှစ်၀က်ပညာသင်နှစ်အစီအစဉ်တချို့ကို အကြမ်းဖျင်း ရှင်းပြသည်။
ရွှီကျယ်က ခုံအလယ်တန်း၌ ထိုင်နေပြီး ဖန်သားပြင်ကြီးကို အာရုံစူးစိုက်ကြည့်နေသယောင်။သို့တိုင် ထိုတလျှောက်လုံးတွင် အမြဲလိုလို သတိလက်လွတ် လုပ်နေမိသည်က မျက်လွှာကိုချလို့ ရှေ့ကထိုင်ခုံအား နစ်နစ်မောမော ငေးနေခြင်း။တစ်ကြိမ်လျှင် တစ်စက္ကန့် ၊ နှစ်စက္ကန့်မျှ ကြောင်အမ်းအမ်း ကြည့်နေလိမ့်မည်။အသိစိတ်ပြန်ဝင်လာသည်နှင့် ဟောပြောစင်မြင့်သို့ တစ်ဖန် အကြည့်လွှဲလိုက်ဦးမည်သာ။
အစည်းအဝေး အဆုံးမသတ်မီ ဆရာမက အချိန်ဇယား ထုတ်ပေးခဲ့၏။ကျောင်းတွင်းလှုပ်ရှားမှုအများစုဟာ ကျောင်းမှ ငွေကြေးထောက်ပံ့သော်ငြား ကျန်အပိုင်းက မိမိကိုယ်ပိုင်စရိတ်စက ပေးချေရန် လိုအပ်သည်။
ရက်စွဲ တစ်ချက်ငုံ့ကြည့်လိုက်တဲ့ ရွှီကျယ်က တစ်ဦးချင်း ငွေကြေးကောက်ခံမှုနှုန်းပမာဏကို မြင်မြင်ချင်း တုံ့ဆိုင်းသွားခဲ့သည်။ထို့နောက် ယင်းလျှောက်လွှာစာရွက်ကို ထက်၀က်ချိုးခေါက်လျက် ကျောင်းအင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်သည်။တခြားကျောင်းသားတွေက အစည်းအဝေးခန်းမကနေ အလျိုလျို ထွက်ခွာသွားကြ၏။ဆရာမက ပစ္စည်းပစ္စယာများ သိမ်းဆည်းနေစဉ် ရွှီကျယ် မတ်တပ်ထရပ်၍ အောက်ကိုဆင်းကာ စင်မြင့်သို့ ဦးတည်လိုက်သည်။
ဆရာမ : " ကိစ္စရှိလို့လား "
" ဆရာမ ၊ ကျောင်းတွင်းလှုပ်ရှားမှုကလေ မဖြစ်မနေ ပါ၀င်ရမှာလားခင်ဗျာ "
" စည်းကမ်းအရ မပါမနေကြီး ပါရမှာ မဟုတ်ပေမယ့် အားလုံး ပါ၀င်လိုက်ကြဖို့ ဆရာမ အကြံပေးချင်တယ်။ ဒါတွေက နောင် တက္ကသိုလ်၀င်ခွင့်နဲ့ အဓိကဘာသာရပ် ရွေးချယ်တဲ့နေရာမှာ အကူအညီဖြစ်လိမ့်မယ် "
YOU ARE READING
ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}
Romanceမူရင်းဝတ္ထုအမည် - ယွိ့ယန်နန်ကျစ် မူရင်းစာရေးသူအမည် - မိုက့်ရှန်းကျီးနာ Alpha × Alpha လုဟယ့်ရန်(လေတပ်ဗိုလ်မှူး) × ရွှီကျယ်(စစ်ဆေးဆရာ၀န်) Both Gong and Shou are Alpha .