《၂၀》

2.2K 340 16
                                    

Unicode

တစ်ခါတရံ သူက လုဟယ့်ရန်​ရှေ့တွင် ရွှီကျယ်အဖြစ်နှင့် တည်ရှိ​​နေသည်လား ၊ No.17 အဖြစ်နှင့် တည်ရှိ​နေသည်လား မခွဲ​ဝေတတ်။

ဥပမာ - ယခုကဲ့သို့ အခိုက်အတန့်မျိုး။သူက အနက်​ရောင်လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက် ဆွဲချ​ဆောင်းထားသည်။မျက်နှာတစ်၀က်​ခန့်က ဦးထုပ်လျှာ၏အရိပ်​​အောက်၀ယ် ဖုံးကွယ်​နေသည်။သူက လုဟယ့်ရန်မျက်လုံးထဲတွင် ဘယ်သူဖြစ်​နေမှန်း သူကိုယ်တိုင်ပင် မသိ။

သူက မည်သူဖြစ်​နေပါ​စေ ၊ လုဟယ့်ရန်ကို ဘယ်​သောအခါမှ ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ပါ​ချေ။

ရွှီကျယ် ကားအ​ရှေ့ ခရီးသည်ခုံ၌ ဝင်ထိုင်လိုက်သည်။ကားတံခါး ပိတ်သွားသည်နှင့်တစ်ပြိုင်နက် အထဲတွင် တိတ်ဆိတ်​နေ၏။လုဟယ့်ရန်က သီချင်းမဖွင့်သလို ကားအတွင်းမီးကိုပါ ပိတ်ထားသည်။အ​မှောင်ထုက ရွှီကျယ့်အား လုံခြုံသည့်စိတ်ခံစားချက် ပေးသည်။သူ့မျက်နှာကို လုဟယ့်ရန် မြင်​လောက်မည်မဟုတ်ဟု ရွှီကျယ် ​တွေးသည်။အခုက သူ အရက်မူး​နေရာ ယခင်အ​ခေါက်​တွေအတိုင်း တစ်ဖက်လူ မရိပ်မိ​အောင် သရုပ်ဆောင်ဖို့ ခက်ခဲ​နေသည်။သူ့ကို လွယ်လွယ်ကူကူ လူမိသွားနိုင်၏။

လုဟယ့်ရန်က ကားစတီယာတိုင်​ခွေကို လက်​ချောင်းများနှင့် ညင်သာစွာ ​ခေါက်​နေသည်။နှစ်စက္ကန့်မျှအကြာ ၊ သူ ရွှီကျယ့်ကို သတိ​ပေးသည်။

" ထိုင်ခုံခါးပတ် "

" ........ "

ရွှီကျယ် ထိုင်ခုံခါးပတ်ကို အလျင်အမြန် ​ယူပတ်လိုက်သည်။သူ ချီတုံချတုံဖြင့် -

" ​ကျေးဇူးတင်ပါတယ် "

ရွှီကျယ့်အသံက ​လေးကန်အက်ရှ​နေသည်။လုဟယ့်ရန် အ​အေးခံ​​​သေတ္တာဆီ လက်လှမ်းပြီး ​ရေဘူး​သေး​သေး​လေးတစ်ဘူးကို ထုတ်လိုက်သည်။ဘူးကို အဖုံးလှည့်ဖွင့်ကာ ရွှီကျယ့်ထံ ​ပေးလိုက်၏။

ရွှီကျယ် ​ရေဘူးကို လက်ခံ၍ လုဟယ့်ရန်အား ဒုတိယအကြိမ် ​ကျေးဇူးထပ်တင်လိုက်သည်။အဖုံးဖယ်ထားသည့် ​ရေဘူးကို ​သောက်​နေစဉ် လုဟယ့်ရန်ရဲ့​မေးခွန်းကို ရွှီကျယ် ကြားလိုက်ရသည်။

ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Where stories live. Discover now