《၂၈》

2K 366 47
                                    

Unicode

​သောကြာ​နေ့။​ရှောင်ဖုန်းက လုဟယ့်ရန်ထံ message ပို့သည် --- No.17 က ဒဏ်ရာကုသ​ပျောက်ကင်းချိန်အတွက် အနားမယူ​ကြောင်းနှင့် အခ​ကြေး​ငွေ မရ​သော အ​ပျော်တမ်း ​ဖျော်​ဖြေ​ရေး ထိုးပွဲတစ်ခုတွင် ပါ၀င်ရန် စီမံခံထားရသည်ဟု။

​ရှောင်ဖုန်းက လုဟယ့်ရန်ကို ​မေးသည်။

[ No.17 ရဲ့ဒဏ်ရာ​တွေ ဘယ်လို​နေ​သေးလဲ လူကြီးမင်း သိလားဟင် ? ]

လုဟယ့်ရန် : [ ​သေချာမသိဘူး ]

သူ တကယ် ​သေ​သေချာချာ မသိ​​ချေ။အင်္ဂါ​နေ့ ​ရေကူးအတန်းကတည်းက ရွှီကျယ် သူ့အား ​ရှောင်​ပုန်းနေသည်ကို လုဟယ့်ရန် သတိထားမိသည်။​ကျောင်း၀န်းထဲ၌ သူတို့နှစ်​ယောက် မ​တော်တဆ တိုက်ဆိုင်စွာ ဆုံခဲ့စဉ် မလှမ်းမကမ်းက သူ့ကို မြင်သည်နှင့် ရွှီကျယ်ဟာ တခြားလမ်းကို ပြောင်း​လျှောက်သွားခဲ့သည်။

​ရှေ့တစ်​ခေါက်ကလည်း လုဟယ့်ရန် ​ကျောင်းဆင်းချိန်၌ ကားပါကင်သို့ ​ခြေကျင်လမ်း​လျှောက်အလာ ၊ ရွှီကျယ်က သူ့စက်ဘီး​လေးကို စက်ဘီးရပ်နားရုံက​နေ ထုတ်လာသည်။ဟယ့်​ဝေ့က ရွှီကျယ်ကို တက်တက်ကြွကြွ နှုတ်ဆက်၏။ရွှီကျယ်က အင်းမကျအွန်းမကျ အသံ​လေးပြုလျက် အ​လောတကြီး ဆိုသည်။

" ငါ သွားရ​တော့မယ် "

ထို့ပြင် ​ခေါင်းကို ငုံထားပြီး လုဟယ့်ရန်ကို မကြည့်။

ဟယ့်​ဝေ့က တ​​ရွေ့​ရွေ့ ​ဝေးကွာသွားသည့် ရွှီကျယ့်​ကျောပြင်ကို ကြည့်၍ လုဟယ့်ရန်ကို ​ဇ​ဝေဇဝါ ​မေးသည်။

" မင်း ရွှီကျယ့်ကို ဘာ​တွေလုပ်ထားတာလဲ ? "

********

ညစာစားကာ လု​ဟယ့်ရန်နှင့် ကုယွင်ချီတို့က မြို့​တော်အ​နောက်ဘက်ကို ထွက်လာခဲ့ကြသည်။ အယ်လ်ဖာတစ်​ယောက်နှင့် ​အတူရောက်လာမည့် ဟယ့်​ဝေ့ကို သူတို့​တွေ ကားထဲ၌ ၁၀ မိနစ်ခန့် ​စောင့်လိုက်ကြရ၏။

" ဟယ့်ယွီ ၊ ငါ့၀မ်းကွဲအစ်ကို "

ဟယ့်​ဝေ့က ကားတံခါးကို ပိတ်လို့ မိတ်ဆက်ပေးသည်။

ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Where stories live. Discover now