《၂၄》

1.9K 342 21
                                    

Unicode

No.17 သိမ့်ခနဲ တုန်ယင်သွား​ကြောင်း လုဟယ့်ရန် ​တွေ့သည်။အကြင်သူဟာ မြင်လွှာကို တစ်စတစ်စ ဖွင့်လှစ်လို့ လုဟယ့်ရန်အား ရီ​ဝေမိန်း​မောစွာ ​​ကြည့်လာသည်။

၁၀ စက္ကန့်၀န်းကျင်အကြာ No.17 သတိ၀င်လာ၏။အကြည့်များက လုဟယ့်ရန်လက်​ချောင်းများမှတစ်ဆင့် တဖြည်းဖြည်း ဖယ်ခွာသွားသည်။

​နောက်ဆုံး၌ သူ ထုတ်​မေးခဲ့သည်။

" ဘယ်တုန်းကတည်းကလဲ "

လုဟယ့်ရန် ​တုံ့ပြန်လာမည့် အ​ဖြေကို စိုးရွံ့ပူပန်သဖြင့် ရွှီကျယ် ဆက်​မေးလိုက်သည်။

" မင်း သိ​တာ ကြာ​ပါပြီ ၊ ဟုတ်​တယ်မလား "

လုဟယ့်ရန်က တစ်လုံးတစ်ပါဒမျှ မဆိုပါဘဲ သူ့ကို ကြည့်​နေသည်။

No.17 နှင့် ရွှီကျယ့်ကြားတွင် အသံတူ​တာ ၊ Pheromone နံ့​တွေ တူ​တာ ၊ ကိုယ်လက်လှုပ်ရှားဟန်​တွေ တူညီတာ - ၎င်းအရာ​တွေအ​ပေါ် လုဟယ့်ရန် မရိပ်မိ​လောက်ပါဟု ရွှီကျယ် မိုက်မိုက်ကန်းကန်း ယုံကြည်ခဲ့မိသည်။သူ ​​တွေးခဲ့၏ --- လုဟယ့်ရန်က 'ရွှီကျယ်' ဟူ​သော လူတစ်​ယောက်အား အထူးတလည် မှတ်မိ​နေလိမ့်မည် မဟုတ်သလို ထိုသရုပ်နှစ်ခုရဲ့ဆက်နွှယ်မှုကိုလည်း ချိတ်ဆက်စဉ်းစားမိနိုင်မည် မဟုတ်ဟု။

လူတိုင်းက သူ့နှယ် တုံးတုံးအအ ထုံထိုင်းမ​နေကြသည်ပင်။

​စော​စောက အရိုးအဆစ်လွဲသွားခဲ့​သည့် ဘယ်ဘက်ပခုံး ၊ ​နောက်​ကျောနှင့် ရင်​ခေါင်းတို့ဆီက နာကျင်မှု​ကြောင့် ရွှီကျယ် ရုတ်ခြည်း နိုးကြားလာသည်။ထိန်းချုပ်​ဆေးက Pheromone များကို တည်ငြိမ်​စေရုံသပ်သပ်ဖြစ်ပြီး နာကျင်မှု​ဝေဒနာကို ​လျော့ပါး​အောင် မကုသနိုင်​။

အနှီနာကျင်မှုဟာ အဘယ်​​သို့ ရုတ်တရက်ကြီး ပြင်းထန်ခါးသီးလာမှန်း ရွှီကျယ် နားမလည်။သူ ဗလုံးဗ​ထွေး ညည်းညူလိုက်မိ၏။

" ဘာလို့ ....... "

ရွှီကျယ် ခပ်တိုးတိုး ​ရေရွတ်​နေသည်။

" မင်း သိထားတာကို ....... "

အခြားလူတစ်​ယောက်သာဆိုလျှင် ထိုလူက သူ့ကို အရူးသဖွယ် ဆက်ဆံ​နေသည်ဟု ရွှီကျယ် ယူဆလိုက်မည်ဖြစ်သည့်တိုင် လုဟယ့်ရန်က ဤသို့​သောသူမျိုး မဟုတ်​သည်ကို သူ တထစ်ချ သိသည်။လုဟယ့်ရန် ဘာ​ကြောင့်များ အဲဒီလို လုပ်ခဲ့သလဲကို  ရွှီကျယ် မတွက်ဆတတ်။ယင်းက သူ့ကို ​နေရခက်​စေသည်။

ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Where stories live. Discover now