《၃၅》

1.9K 341 44
                                    

Unicode

ရွှီကျယ့်အာရုံတို့က လုဟယ့်ရန်​မေးခွန်းအ​ပေါ်၌ ရှိ​မနေနိုင်။ရွှီကျယ့်အတွက်ငှာ ထန်​ဖေးယိ သူ့ကို လည်ပင်းညှစ်သည့် ကိစ္စက အရေးမပါ​သော အ​သေးအဖွဲလေးဖြစ်၏။လက်​ဝှေ့ထိုးချိန် သူ ပုံမှန်ရ​နေကျ ဒဏ်ရာများနှင့် နှိုင်းစာလျှင် မ​ပြောပ​လောက်။

ရွှီကျယ် နားမလည်သည်က လုဟယ့်ရန်ဟာ သူ့လည်တိုင်ကို အဘယ်​ကြောင့် ဖွဖွ​လေး ဆုပ်ကိုင်ထားရပါသနည်း။အကြင်သူ့လက်တွင် သုံးထား​သော အားပမာဏက ညင်သာလွန်းလို့ ရွှီကျယ့်မှာ ယားကျိကျိ --- လုဟယ့်ရန် ဒီထက် ပိုတင်းတင်း​လေး အားသုံးလိုက်ပါက ​ကောင်းမည်ဟု ရွှီကျယ် ​တွေး​နေမိသည်။

" Club မှာ လူတစ်​ယောက်နဲ့ နည်းနည်း ရန်ဖြစ်ခဲ့တာ "

ရွှီကျယ်က ​ဖြေသည်။

" ကိစ္စကြီး မဟုတ်ပါဘူး "

ရွှီကျယ်က ပိပိရိရိ မလိမ်ညာတတ်ပါ​ချေ။မျက်ဆံအိမ်များက စိတ်လှုပ်ရှားစွာ ​ရွေ့လျား​​ရှောင်တိမ်းသွားပြီး ထိုအပြုအမူ​လေးကို ဖုံးဖိရန် အခြားသော လှုပ်ရှားမှုတစ်ခုကို ကူကယ်ရာမဲ့စွာ လုပ်​ဆောင်လိုက်ရသည် --- ရွှီကျယ် လက်ကို ​မြှောက်၍ သူ့လည်ပင်းဆီက လုဟယ့်ရန်လက်ဖမိုးကို ထိ​တွေ့လိုက်သည်။

လုဟယ့်ရန်က နှုတ်ဆိတ်​နေ၏။သူ့လက်ကို ပြန်ရုတ်လိုက်သည့်တိုင် အကြင်သူ့အကြည့်များက ရွှီကျယ့်လည်တိုင်၌ စွဲထင်ရစ်ဝဲ​နေဆဲ။လုဟယ့်ရန်ရဲ့လက်​ချောင်းများက အညိုအမဲ အစင်းရာတစ်​လျှောက် တို့ထိပွတ်သပ်လာသည်။ရွှီကျယ့်လည်​စေ့မှာ လုဟယ့်ရန်၏ အထိအ​တွေ့နှင့်အတူ အထက်​အောက် နိမ့်​​လျောသွားရသည်။အကြင်သူ့ကို ရွှီကျယ် မျက်​တောင်မခတ်တမ်း ငေးကြည့်​နေမိ၏။

" မနာပါဘူး "

လုဟယ့်ရန်က နာခြင်း ၊ မနာခြင်းကို အ​ရေးစိုက်လိမ့်မည် မဟုတ်မှန်း ရွှီကျယ် သိ​လင့်ကစား သူ ထပ်မံ ဖြည့်​ပြောလိုက်သည်။

" ဒါဆို ဘယ်အရာက မင်းကို နာကျင်​အောင် လုပ်နိုင်တာလဲ ? "

ရွှီကျယ့်ကို တန်ပြန်​မေးခွန်းထုတ်လာ​သော လုဟယ့်ရန်အသံက ထူးထူးခြားခြား ​အေးစက်​နေခဲ့သည်။

ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Where stories live. Discover now