Unicode
အင်္ဂါနေ့ နေ့လယ်ခင်း။ချီကျားဟန် လက်တွေ့စမ်းသပ်မှုအတန်းကနေ ပြန်လာခဲ့သည်။စာသင်ဆောင်ဒုတိယထပ်မှာ လမ်းလျှောက်နေတုန်း ရွှီကျယ့်နောက်ကျောကို ရိပ်ခနဲ မြင်လိုက်ရသည်မို့ တဒင်္ဂမျှ အံ့သြသွားခဲ့ပြီး ခပ်သော့သော့လေး အမီပြေးလိုက်ကာ ရွှီကျယ့်ကို ဖမ်းဆွဲသည်။
" မင်း ခွင့်မတိုင်ခဲ့ရဘူးမလား "
ရွီကျယ်က လှည့်ကြည့်သည်။နှုတ်ခမ်းတို့က ဖြူဖျော့ဖျော့။မျက်နှာက ပုံမှန်မဟုတ်စွာ နီစွေးနေသည်။မျက်တောင်ရှည်ရှည်များကပါ ညွှတ်ကိုင်းစင်းကျနေ၏။အားအင်မရှိပုံပေါ်နေသည့်တိုင် မျက်ဆံအိမ်တွေက တောက်ပနေဆဲ။ဒီတိုင်း အဖျားလေးငွေ့ငွေ့ရှိနေဟန်။
" ငါ မနက်ပိုင်းအတွက်ပဲ ခွင့်တိုင်ခဲ့တာ "
ရွှီကျယ့်အသံက အက်ရှရှ။
" အခုက နေ့လယ်ခင်းရောက်နေပြီ "
ခေါင်းပါသည့် မည်သူမဆို အခု နေ့လယ်ခင်းရောက်နေမှန်း သိပါ၏။ချီကျားဟန် မျက်လုံးကို အသာမှိတ်လိုက်သည်။
" မင်း Susceptible period မှာတောင် နေ့တစ်၀က်ခွင့်ပဲ ယူခဲ့တာလား "
" နှစ်၀က်စစ်ဆေးမှုရှိတယ် "
ရွှီကျယ့်ဦးနှောက်တုံ့ပြန်မှုက အနည်းငယ် နှေးကွေးနေသယောင်။စကားရပ်သွားပြီးမှ ဖြည်းဖြည်းချင်း ဆက်ပြောလာသည်။
" ဒီနေ့ ရေကူးအတန်းမှာ စာသင်နှစ်၀က်စစ်ဆေးမှုရှိတယ် "
" အဲဒါ အစားထိုးဖြေဖို့ လျှောက်လို့ရတယ်လေ။ စာမေးပွဲမေးခွန်းလွတ်မှာစိုးရိမ်ဖို့လည်း မလိုဘဲနဲ့။ မင်းက Susceptible period ၀င်နေတဲ့ဥစ္စာ ၊ ဆရာက သေချာပေါက် ခွင့်ပြုပေးမှာပါ "
ချီကျားဟန်ရဲ့စကားက အလွန် ယုတ္တိတန်သည် ၊ နည်းလမ်းကျသည်။ရွှီကျယ် ရှောင်တိမ်းရမည့် လွတ်ပေါက်ကို မတွေ့။ခဏတစ်ဖြုတ် နှုတ်ဆိတ်သွားခဲ့သော ရွှီကျယ်က တစ်ဖန် ဆိုလာပြန်သည်။
" ငါ ဒီနေ့စစ်ဆေးမှုကို ဖြေချင်တယ် "
" ဘာကိစ္စ ဒီနေ့မှဒီနေ့ဖြစ်နေတာလဲ။ ဒီနေ့ရေကူးအတန်းမှာ မင်း သဘောကျတဲ့သူရှိနေလို့လား။ ရှိတယ်ထားဦး ၊ သူ့ကို ဖူးယောင်နေတဲ့မျက်နှာ ၊ ဒဏ်ရာရနေတဲ့မျက်နှာကြီးနဲ့ သွားတွေ့ချင်နေတာလား။ မင်း ကောင်းကောင်းကန်းကန်း လုပ်မပြနိုင်ဘဲ စစ်ဆေးမှုကို ကျလာရင် အမြတ်နဲ့အရှုံးက မထေမိဘူးနော် "
YOU ARE READING
ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}
Romanceမူရင်းဝတ္ထုအမည် - ယွိ့ယန်နန်ကျစ် မူရင်းစာရေးသူအမည် - မိုက့်ရှန်းကျီးနာ Alpha × Alpha လုဟယ့်ရန်(လေတပ်ဗိုလ်မှူး) × ရွှီကျယ်(စစ်ဆေးဆရာ၀န်) Both Gong and Shou are Alpha .