ကောင်းကင်ကြည်ပြာပြာမှာ တိမ်စိုင်ဖြူတို့ဟာတရွေ့ရွေ့ဖြင့်ရွေ့လျားနေလျက်။ နေထွက်ချိန်ကိုကျော်လွန်ခဲ့ပြီးဖြစ်ရာ နေမင်းသည်လည်းသူ့နေရာနှင့်သူအလင်းပေးလို့နေခဲ့သည်။
တစ်နေ့တာကိုစတင်ကြရချိန်ဖြစ်သည့်အတွက် ကားလမ်းမများထက်တွင် ကားတွေသီတန်းစည်ကားနေသလို၊ နေရာအနှံ့တွင်လည်းတာဝန်ကိုယ်စီနှင့်လူများအားတွေ့မြင်နိုင်သည်။
ဆိုးလ်မြို့တစ်နေရာသို့ဦးတည်သွားနေသော အငှားယာဉ်ထဲတွင်တော့ အမျိုးသားငယ်တစ်ဦးလိုက်ပါလာပြီး ထိုသူဟာဖြတ်ကျော်လာတဲ့လမ်းတစ်လျှောက်ကိုငေးမောလို့နေလေသည်။
အမျိုးသားငယ်၏လုပ်ယူထားခြင်းမျိုးမဟုတ်သောတည်တည်တံ့တံ့မျက်နှာထားမှာ အေးချမ်းမှုနှင့်အတူ သိမ်မွေ့ခြင်းတွေလည်းရောယှက်နေ၏။
မကြာခင်အချိန်လေးအတွင်း ထိုသူရဲ့အိတ်ကပ်ထဲရှိဖုန်းဟာတုန်ခါလာတဲ့နောက် ငေးမောခြင်းအားရပ်တန့်လို့ဖုန်းဆီသို့အာရုံလွှဲပြောင်းသွားလေသည်။
" ရောက်ပြီလား ဟာအို "
ဖုန်းကိုင်ကိုင်ချင်းတစ်ဘက်မှအမေးပြုသံကအရင်ထွက်လာသည်။ အရာရာကိုအေးအေးဆေးဆေးနဲ့တည်တည်ငြိမ်ငြိမ်လုပ်တတ်သူ ကျန်းဟာအိုနဲ့ဆန့်ကျင်စွာတစ်ဘက်မှအမျိုးသားကတော့ စိတ်လောလွန်းသည်။
" အင်း အခုအိမ်ကိုသွားနေတာ "
မတိုး၊မကျယ်ဟာအိုရဲ့အသံ။ သာမာန်စကားလေးတစ်ခွန်းကပင်နူးညံ့မှုအသွင်ဆောင်နေလေရာ နားထောင်သူအဖို့ဆွဲဆောင်မှုတစ်ခုဖြစ်သည့်နှယ်။
" ရောက်ရင်ပြီးတာပါပဲ။ တစ်ခုခုအဆင်မပြေရင်တော့တန်းပြန်ခဲ့နော် ဟာအို "
အားတက်သရောပြောလာသည့်စကားဟာ သူ့ကိုဖူကျန့်သို့ချက်ချင်းပြန်လာစေချင်သည့်သဘောပင်ပါဝင်နေခဲ့သည်။ ဟာအို့အပေါ်ခင်တွယ်သူဖြစ်တဲ့အလျောက် ခွဲခွာရခြင်းအပေါ်မကျေနပ်နေတာကိုသူအသိဆုံးပါပဲ။
ပြုံးတယ်ဆိုရုံလေးဖွဖွပြုံးပြီး အိမ်သို့ရောက်တော့မှာဖြစ်သည့်အတွက် တစ်ဘက်မှသူငယ်ချင်းဖြစ်သူကိုစကားစဖြတ်ဖို့ရာဟန်ပြင်ရ၏။
YOU ARE READING
ᴰᵉᵉᵖˡʸ ⁱⁿ ˡᵒᵛᵉ ʷⁱᵗʰ ʸᵒᵘ ( Hiatus )
Fanfikceငါကိုယ်တိုင်တောင်မသိလိုက်ပါပဲ ရုန်းထွက်မရနိုင်တဲ့နယ်မြေဆီသို့တဖြည်းဖြည်းနစ်ဝင်မိရင်း...။