ဖြစ်သင့်ရဲ့လား။
မနေ့ကတင်ကိုယ်နဲ့နမ်းထားတဲ့လူတစ်ယောက်ကို ဘာမပြော၊ ညာမပြောထားသွားပြီး အဆက်အသွယ်လည်းမလုပ်ဘူးဆိုတာက ဖြစ်သင့်ရဲ့လား။
အခုအချိန်မှာ ဖြစ်သင့်တာ၊မဖြစ်သင့်တာတွေကအရေးမကြီးတော့ပါဘူး။ ဘာပဲဖြစ်ဖြစ်ဆောင်းဟန်ဘင်းကသူ့ကိုအဆက်အသွယ်ဖြတ်ထားတယ်ဆိုတာအမှန်ပဲမလို့။
မနေ့ကသေချာပေါက်ဖုန်းနံပါတ်ပေးထားပါလျက်နဲ့ သူ့ဖုန်းနံပါတ်ကိုမသိဘူးဆိုတာလုံးဝမဖြစ်နိုင်။ မနက်ကျသူ့ကိုအလုပ်သွားရင်လိုက်ပို့လိမ့်မယ်လို့ထင်ထားပေမဲ့ သူနိုးလာကတည်းက ဆောင်းဟန်ဘင်းရဲ့အရိပ်ကိုပင်မတွေ့လိုက်ရ။
ဟာအိုအိပ်မက်များမက်နေတာလားလို့တွေးရအောင်လည်း မနေ့ကအခြေအနေကရှင်းရှင်းလင်းလင်းကြီးသူ့ခေါင်းထဲမှာထင်ကျန်ရစ်နေသလို နှုတ်ခမ်းသားထက်မှာလည်းဆောင်းဟန်ဘင်းရဲ့အထိအတွေ့တွေကိုခံစားလို့နေရဆဲပင်။
ပြီးတော့ သေချာပေါက် ဆောင်းဟန်ဘင်းရဲ့ရင်ခွင်ထဲမှာသူအိပ်ပျော်သွားခဲ့တာပါ။ တစ်ညလုံးအတူရှိပေးခဲ့တယ်ဆိုတာလည်းအသေအချာ။ အဲ့တော့ ဆောင်းဟန်ဘင်းကသူနိုးမလာခင်မှာထွက်သွားခဲ့ပုံရပါသည်။
ဘာလို့များလဲဆိုပြီးအထပ်ထပ်တွေးတောနေမိတဲ့အတွက် ဟာအို့မှာအလုပ်ထဲကိုပင်အတော်လေးအာရုံစိုက်နေရသည်။ ကျန်းဟာအိုကကျန်းဟာအိုမပီသနေတာကို သူကိုယ်တိုင်လည်းပဲမုန်းမိရပါ၏။
" အာ ဟုတ်သား။ ဂယူဘင်းဖုန်းနံပါတ်ရှိတာပဲ "
ထိုင်ခုံပေါ်ထိုင်နေရင်းမှ ဆောင်းဟန်ဘင်းဆီဆက်တိုက်ဆက်သွယ်နေခဲ့တဲ့ဟာအိုက နောက်ဆုံးတော့နည်းလမ်းတစ်ခုကိုရှာတွေ့သွားခဲ့ချေပြီ။ ဟန်ဘင်းဆီဆက်သွယ်လို့မရရင် ဂယူဘင်းရှိနေတာပဲ။ ဂယူဘင်းဆီကိုလှမ်းမေးလိုက်ရင်တော့ ဆောင်းဟန်ဘင်းဘယ်မှာရှိနေလဲဆိုတာသိနိုင်လိမ့်မည်ပင်။
" ဟယ်လို ဂယူဘင်း။ ဟျောင်းပါ ကျန်းဟာအို "
" ဟာအိုဟျောင်း မတွေ့တာတောင်ကြာပြီ။ ဘာလို့ဆက်တာလဲ ဟျောင်း။ အကူအညီလိုတာများရှိလို့လား "
YOU ARE READING
ᴰᵉᵉᵖˡʸ ⁱⁿ ˡᵒᵛᵉ ʷⁱᵗʰ ʸᵒᵘ ( Hiatus )
Fanfictionငါကိုယ်တိုင်တောင်မသိလိုက်ပါပဲ ရုန်းထွက်မရနိုင်တဲ့နယ်မြေဆီသို့တဖြည်းဖြည်းနစ်ဝင်မိရင်း...။