" ဒါကကောင်းလား။ ဒါလေးလား "
လက်တစ်ဘက်စီမှာအင်္ကျီနှစ်ထည်ကိုအသီးသီးကိုင်ပြရင်းဖြင့် ဟာအိုကဂျွန်ဆောင်းကိုမေးလိုက်သည့်အခါ ဖုန်း screen ပေါ်ရှိဂျွန်ဆောင်းရဲ့ပုံရိပ်ကစဉ်းစားဟန်နှင့်ငြိမ်ကျသွားခဲ့သည်။
" ငါကတော့ဘယ်ဘက်ကတစ်ခု "
မိနစ်အနည်းငယ်ကြာသည့်ရွေးချယ်မှုအဆုံးမှာဟာအိုလည်းခေါင်းညိမ့်ပြလိုက်ပြီး အဝတ်လဲဖို့ရန်ရေချိုးခန်းထဲဝင်ရသည်။
သူပြန်ထွက်လာတော့မင်ဂျွန်းဆောင်းကအလုပ်စားပွဲပေါ်လက်ထောက်လျက်ရှိနေသည့်ပုံဖြင့်။ ဟာအို့ကိုလည်းသေချာကြည့်နေပြီး လိုအပ်တာရှိ၊မရှိစစ်ဆေးနေသည်။
" ရပြီ။ ပြီးပြည့်စုံတယ် "
စစ်ဆေးမှုတစ်ခုပြီးဆုံးသွားသလို ဟာအို့ရင်ထဲကပူပန်နေမှုလည်းအနည်းငယ်စိတ်သက်သာရာရသွားသည်။
ဒိတ်မမည်တဲ့ဒိတ်လေးတစ်ခုလုပ်ဖို့ရာအတွက် သူ့မှာသူငယ်ချင်းဖြစ်သူကိုအပူကပ်ထားရခြင်းဖြစ်လေသည်။ ဂယူဘင်းပါလာမယ်ဆိုရင်တောင် သူ့အနေနဲ့ ဆောင်းဟန်ဘင်းအကောင်းမြင်တာခံရဖို့အများကြီးကြိုးစားရမဲ့အနေအထားဖြစ်တာကြောင့် အပြင်အဆင်ကအစသေသေသပ်သပ်ဖြစ်ပြီး ဆွဲဆောင်နိုင်ဖို့လည်းလိုအပ်သည်။
တစ်ဆင့်ချင်းစီသွားရင်တော့ တစ်နေ့မှာသူမျှော်မှန်းထားတဲ့ပန်းတိုင်ကိုရောက်နိုင်မှာပါ။ အချိန်ပေးဖို့ရာနဲ့စိတ်ရှည်သည်းခံနိုင်ဖို့သာလိုအပ်တယ်ဟု ဟာအိုထင်ပါသည်။
" ရေမွှေးကိုလေ ငါလက်ဆောင်ပေးထားတာလေးဆွတ်သွားနော် ကျန်းဟောင့်။ သူကအနံ့မပြင်းပဲနဲ့ဆွဲဆောင်မှုရှိတာမလို့ မင်းရဲ့အခုပုံစံနဲ့အရမ်းလိုက်နေမှာ "
အချစ်ရေး၊အချစ်ရာတွေဆိုရင် ဂျွန်ဆောင်းကအားတက်သရောပါဝင်ကူညီတတ်ကြောင်း အတူအလုပ်လုပ်ရတဲ့ဆရာဝန်တွေပြောတာကြားဖူးတာကို သူအခုမှပဲလက်တွေ့ယုံရတော့သည်။
အဝတ်အစားကအစ ရေမွှေးအဆုံးသူ့ကိုလိုက်ဂရုစိုက်ပေးနေတာများ အရေးကြီးတဲ့အရာတစ်ခုကိုသွားလုပ်မဲ့ကလေးအတွက် အမေဖြစ်သူကပူပန်ပြီးအစစ၊အရာရာကူညီပေးချင်နေသကဲ့သို့။
YOU ARE READING
ᴰᵉᵉᵖˡʸ ⁱⁿ ˡᵒᵛᵉ ʷⁱᵗʰ ʸᵒᵘ ( Hiatus )
Fanfictionငါကိုယ်တိုင်တောင်မသိလိုက်ပါပဲ ရုန်းထွက်မရနိုင်တဲ့နယ်မြေဆီသို့တဖြည်းဖြည်းနစ်ဝင်မိရင်း...။