" အန်တီ ကျွန်တော်ရောက်ပြီဗျ "
ဟာအို့အတွက်တမင်ဖွင့်ပေးထားပါသည့်အိမ်တံခါးမှအမြန်ပြေးဝင်ကာ ဆောင်းဟန်ဘင်းရဲ့အမေကိုခေါ်သံတစ်ခုပြုလိုက်မိတဲ့နောက် အန်တီကမီးဖိုခန်းဆီမှထွက်လာခဲ့သည်။
" ဟာအိုလေးလာပြီပဲ။ မနက်စာအခုပဲပြင်ပြီးတာ။ စားတော့မလား ကလေး "
အပြုံးလေးနဲ့မေးလာတဲ့အန်တီ့ကို တစ်ချက်ပြန်ပြုံးပြလိုက်ပြီး သူ့မျက်ဝန်းတွေကတစ်စုံတစ်ယောက်ကိုဝေ့ဝဲရှာဖွေနေမိသည်။
" ဟန်ဘင်းကအိပ်နေတုန်းပဲရယ်။ အန်တီအခုပဲသွားနှိုးမလို့ "
သတိထားမိသွားတဲ့အန်တီကသူမမေးသော်လည်း ဖြေကြားလာခဲ့သည်။ ဟာအို့ခေါင်းထဲတွင်အတွေးတစ်ခုကလက်ခနဲဖြစ်သွား၏။
ဆောင်းဟန်ဘင်းရဲ့အိမ်ထဲကိုအထပ်ထပ်ခြေချခွင့်ရခဲ့ပြီဆိုတော့ သူအနည်းငယ်လောဘတက်လာခဲ့ပြီ။ ဒီတစ်ခါမှာတော့ ကျန်းဟာအိုရဲ့ရည်ရွယ်ချက်က တစ်ကြိမ်တစ်ခါသာရောက်ဖူးပါတဲ့ ဟန်ဘင်းရဲ့အိပ်ခန်းသို့ပင်။
" ကျွန်တော်သွားနှိုးလို့ဖြစ်မလား အန်တီ "
အန်တီကတစ်ချက်စဉ်းစားသွားဟန်။ မငြင်းလိုက်ဖို့ကို ဟာအိုကကြိတ်ဆုတောင်းမိ၏။ ရင်းနှီးနေပြီဆိုသော်ငြားလည်း အိပ်ခန်းထဲအထိသွားခွင့်မပြုမှာလည်းကြောက်ရသေးတာကြောင့်။
" သွားလေ အန်တီ့အဆိုးလေးကိုသေချာနှိုးခဲ့ပေးပါဦး "
အားတက်သရောခေါင်းညိမ့်ပြပြီးခဲ့နောက်တွင် ပေါ့ပါးနေတဲ့ခြေလှမ်းတွေကဆောင်းဟန်ဘင်းအခန်းရှေ့သို့အရောက်သွားခဲ့လေ၏။
ပထမတစ်ခါတံခါးခေါက်လိုက်တော့ အထဲကတုန့်ပြန်သံကိုမကြားရ။ ဒုတိယတစ်ခါမှာလည်း ငြိမ်သက်နေဆဲပင်။ အနည်းငယ်စိတ်မရှည်လာရတဲ့အခါ ဟာအို့မျက်ခုံးတန်းလေးတွေကြုံ့လာရသည်။
" ဟန်ဘင်း ငါဝင်ခဲ့မယ်နော် "
ပြန်လည်ဖြေကြားသံကိုမစောင့်နိုင်တော့လောက်အောင် စိတ်လောနေခဲ့ရတဲ့ကျန်းဟာအိုက ကျန်တဲ့ကိစ္စတွေမှာအေးဆေးတည်ငြိမ်သူတစ်ယောက်လို့ပြောပါလျှင်ယုံနိုင်ဖွယ်ရာမရှိ။
YOU ARE READING
ᴰᵉᵉᵖˡʸ ⁱⁿ ˡᵒᵛᵉ ʷⁱᵗʰ ʸᵒᵘ ( Hiatus )
Fanfictionငါကိုယ်တိုင်တောင်မသိလိုက်ပါပဲ ရုန်းထွက်မရနိုင်တဲ့နယ်မြေဆီသို့တဖြည်းဖြည်းနစ်ဝင်မိရင်း...။