" တော်တော်လေးအခြေအနေကောင်းနေပါပြီ။ ဆေးတွေကိုသာမှန်မှန်ဆက်သောက်သွားပါ။ ဒါဆို နောက်ထပ်တစ်လနေရင်ပြန်တွေ့ပါ့မယ်ဗျ "
လူနာနှင့်လူနာရှင်တို့အခန်းထဲကနေထွက်သွားသည်နှင့် ဟာအိုအကြောဆန့်လိုက်မိသည်။ တစ်ညလုံးဂျူတီကျထားလို့ကောင်းကောင်းမအိပ်ရသေးတဲ့အပြင် မနက်ရောက်တော့လည်းလူနာတွေကြည့်နေရတာဆိုတော့ သူ့မှာနားချိန်ဟူ၍ကောင်းကောင်းမရှိခဲ့။
လက်ထဲကနာရီကိုတစ်ချက်ငုံ့ကြည့်လိုက်တော့ နေ့လယ်ပင်ရောက်နေခဲ့ချေပြီ။ အချိန်တွေဘယ်လိုကုန်သွားလဲဆိုတာတောင်သူမသိလိုက်ရ။ အလုပ်မှာအာရုံစိုက်လိုက်တော့လည်း တစ်နေ့တာကလျင်လျင်မြန်မြန်ကုန်ဆုံးလာရသလို။
" နောက်ထပ်လူနာဘယ်နှယောက်လောက်ကျန်သေးလဲဗျ "
ဘေးနားမှာရပ်နေတဲ့သူနာပြုနှစ်ယောက်ထဲကတစ်ယောက်ကိုဟာအိုအမေးပြုလိုက်သည်။
" ခုနကထွက်သွားတဲ့လူနာကနောက်ဆုံးပါပဲရှင့် "
သူနာပြုဆရာမလေးရဲ့စကားမှာဟာအိုအားတက်သွားရသည်။ တကယ်ဆို သူလည်းပင်ပန်းနေပြီမို့ အနားယူချင်နေခဲ့ပြီလေ။
" အာ ဟုတ်လား။ ဒါဆို ကျွန်တော်နားနေခန်းထဲပြန်ပြီးတရေးလောက်အိပ်လိုက်ပါဦးမယ်။ ပင်ပန်းသွားကြပါပြီနော် "
" အိမ်မပြန်ဘူးလား ဆရာ။ ညကလည်းဂျူတီနဲ့ကို အခုမနက်ကျလည်းမနားရတာကြောင့် မနက်ဖြန်မနက်မှပြန်လာခဲ့တော့ဖို့ဌာနမှူးကပြောထားတယ်မလား "
" ဟုတ်ပါတယ်။ ဒါပေမဲ့ ခဏလောက်အိပ်ပြီးမှပြန်တော့မလို့။ အခုကျွန်တော့်ခြေထောက်ကလမ်းလျှောက်ဖို့ကိုအားမရှိတော့သလိုဖြစ်နေတာကြောင့် "
ဟာအိုကအပြုံးလေးနဲ့ပြောလိုက်သည့်အခါမှ သူနာပြုဆရာမလေးကနားလည်သွားသလိုခေါင်းကိုအသာညိမ့်ပြတော့သည်။ ထို့နောက် မှေးစင်းနေပြီဖြစ်တဲ့မျက်လုံးတွေကိုမနည်းဖွင့်ယူပြီး နားနေခန်းဆီသို့ခြေလှမ်းတွေဦးတည်ခဲ့ရသည်။
ရုတ်တရက် တစ်စုံတစ်ယောက်ဆီစိတ်ရောက်သွားတာနဲ့အိတ်ကပ်ထဲကဖုန်းကိုသတိတရဖြင့်ထုတ်ကြည့်ဖြစ်တော့ မနက်ကပြောထားတဲ့စာတွေအပြင် အသစ်ထပ်ပို့မလာခဲ့။ ဆောင်းဟန်ဘင်းအတန်းမပြီးသေးတာဖြစ်ပါလိမ့်မည်။
![](https://img.wattpad.com/cover/359814402-288-k482154.jpg)
YOU ARE READING
ᴰᵉᵉᵖˡʸ ⁱⁿ ˡᵒᵛᵉ ʷⁱᵗʰ ʸᵒᵘ ( Hiatus )
Fiksi Penggemarငါကိုယ်တိုင်တောင်မသိလိုက်ပါပဲ ရုန်းထွက်မရနိုင်တဲ့နယ်မြေဆီသို့တဖြည်းဖြည်းနစ်ဝင်မိရင်း...။