အပိုင်း(၃)

497 80 28
                                    

" အခြေအနေကိုသေချာစောင့်ကြည့်ထားပြီး တစ်ခုခုဆိုကျွန်တော့်ကိုခေါ်လိုက်ပါနော် "

" ဟုတ်ကဲ့ရှင့် "

သူနာပြုဆရာမကိုမှာကြားပြီးသည့်နောက်တွင် ဟာအိုနားနေခန်းသို့သာဦးတည်လိုက်မိသည်။ ‌မနေ့ကတစ်ညလုံးဂျူတီကျတာဖြစ်တဲ့အပြင် အရေးကြီးတဲ့ခွဲစိတ်မှုနှစ်ခုကိုလည်းဆက်တိုက်လုပ်လိုက်ရသည့်အတွက် ခန္ဓာကိုယ်ကအလွန်ပင်ပန်းလို့နေပါ၏။

နည်းနည်းလောက်တော့အိပ်ဦးမှဆိုသည့်အတွေးလေးနှင့် အခန်းထဲရောက်ရောက်ချင်း ကုတင်ပေါ်ပစ်လှဲချလိုက်မိသည်။ ပါမောက္ခတစ်ယောက်ဖြစ်တဲ့ဟာအို့အတွက်ကသီးသန့်နားနေခန်းပေးထားသည်မို့ အတော်လေးအဆင်ပြေလှသည်။

ဆေးရုံကအလုံးစုံသောထောက်ပံ့မှုတွေကိုပေးထားတာကြောင့် အများကြီးတော့မပင်ပန်းရပေ။ ဆရာဝန်အင်အားလည်းလုံလုံလောက်လောက်ရှိသည်မို့ ကြီးကြီးမားမားထိခိုက်ဒဏ်ရာရမှုတွေသာမရှိပါလျှင် အနားယူရချိန်လည်းလုံလောက်စွာရရှိထားသည်။

သို့ဖြင့် သူအလုပ်ဝင်နေခဲ့သည်မှာပင် လေးရက်ရှိခဲ့ပြီဖြစ်သည်။ ဒီရက်တွေအတွင်း အိမ်ပြန်ရမဲ့အချိန်မရောက်မချင်း ဟာအိုတစ်ယောက်နားနေခန်းထဲသို့ခြေဦးပင်မလှည့်ဖြစ်။

တစ်ချိန်လုံးလူနာတွေကိုလိုက်ပြီးကြည့်ရှုနေခဲ့ကာ တစ်ခါတစ်ခါကျလည်းလူနာရှင်တွေနဲ့စိတ်သက်သာရာရစေရန်စကားပြောပေးဖြစ်ခဲ့သည်။

တကယ်တော့ဒါဟာသူ့ကိုယ်သူတာဝန်ပေးထားခြင်းဖြစ်ပါ၏။ အလုပ်ချိန်မှာကိုယ်ရေးကိုယ်တာခံစားချက်တွေမရှိအောင်တားယူထားခြင်းလည်းဖြစ်ပေသည်။

တစ်ယောက်တည်းရှိနေမည်ဆိုပါက အတွေးထဲရောက်လာတတ်တဲ့သူရှိနေပြီး ထိုသူရဲ့အရိပ်ကလေးကိုပင်မမြင်ရတာရက်အနည်းငယ်ရှိပြီဆိုတာတွေးမိတာနဲ့ သူ့ရင်ထဲခံစားချက်တွေကမကောင်းတော့ပေ။

လွမ်းဆွတ်နေတယ်ဆိုတဲ့ခံစားချက်ကိုကောင်းကောင်းကြီးသိနေရတာကြောင့် တွေ့ချင်စိတ်တွေပိုမိုများပြားမလာခင် ကိုယ့်ကိုယ်ကိုယ်အလုပ်နဲ့လက်နဲ့မပြတ်စေပဲရှိစေရသည်။

ᴰᵉᵉᵖˡʸ ⁱⁿ ˡᵒᵛᵉ ʷⁱᵗʰ ʸᵒᵘ ( Hiatus )Where stories live. Discover now