အပိုင်း(၂)

540 83 10
                                    

ခြံဝင်းထဲသို့ခြေချလိုက်သည်နှင့် လေပြည်တွေဟာသူ့မျက်နှာထက်သို့အလုအယက်ဖြတ်ပြေးလေသည်။ ချက်ချင်းပြုံးမိသွားတဲ့နှုတ်ခမ်းတွေက ထိုခံစားချက်ကိုနှစ်သက်ကြောင်းဖော်ပြပေးနေ၏။

ခြေလှမ်းတွေကိုစတင်ရွေ့လျားလိုက်ပြီး သူ့ရဲ့ဦးတည်ရာဟာသစ်သားခုံတန်းလေးဆီသို့။ ဟာအို့ရဲ့လက်တစ်ဖက်မှာစာအုပ်တစ်အုပ်ကရှိနေပြီး နှပ်ကော်ဖီဗူးလေးတစ်ဗူးမှာလည်းကျန်တစ်ဖက်တွင်နေရာယူထားခဲ့သည်။

မနက်ဖြန်မှအလုပ်ဆင်းရမည်ဖြစ်လေရာ ဒီနေ့မှာတော့သူအားလို့နေသေးသည်။ ဒါကြောင့် လုပ်နေကျအတိုင်းစာအုပ်တစ်အုပ်နဲ့ငြိမ်နေဖို့ကိုဆုံးဖြတ်လိုက်ကာ ညနေပိုင်းကျရင်တော့ဈေးသွားဝယ်မည်ဟုကြံရွယ်ထားသည်။

တစ်ယောက်တည်းနေမင်းရဲ့အနွေးဓာတ်ကိုဖမ်းယူပြီး အေးအေးဆေးဆေးရှိနေရခြင်းမှာ ဟာအို့အတွက်နိဗ္ဗာန်အလား။ လူတွေများနေတာထက် အခုလိုတစ်ယောက်တည်းအချိန်ကုန်ဆုံးရခြင်းက သူ့ကိုပိုလို့အားပြည့်စေသည်။

နားလို့ရတုန်းလေးသေချာနားထားမှဖြစ်မှာ။ နောက်ရက်ဆို ဆေးရုံမှာဘယ်လိုတွေကြုံတွေ့ရဦးမလဲ သူမသိနိုင်တာမို့။ အရာအားလုံးအဆင်ပြေဖို့တော့သူမျှော်လင့်ပါရဲ့လေ။

" သား မနက်စာတော့စားသွားပါဦး "

စာအုပ်ကိုဖတ်နေသော်လည်းပဲ တစ်ဘက်ခြံဝင်းကဆူညံညံအသံကြောင့် အာရုံတို့ပျံ့လွင့်သွားခဲ့ရသည်။ ရုတ်တရက် အကြည့်ရောက်သွားမိရာ မနေ့ကတွေ့ခဲ့သည့်ဟန်ဘင်းဆိုသူရဲ့အမေက ဟန်ဘင်းကိုလက်လှမ်းဆွဲပြီးတားနေခြင်းဖြစ်လေသည်။

သူမြင်နေရတဲ့ဟန်ဘင်း၏မျက်နှာသည်ကား တည်တင်းစွာ။ အမေဖြစ်သူဆွဲကိုင်ထားတဲ့လက်ကိုလည်းရုန်းထွက်နေသည်မှာအားပါပါနှင့်။

တကယ်ဆို သူများမိသားစုကိစ္စကိုသူ့အနေနဲ့ယခုကဲ့သို့ကြည့်မနေသင့်သော်ငြား ဟန်ဘင်းဆိုသည်နှင့်စိတ်ဝင်စားမှုတွေကပ်ပါလာရတာကြောင့် သူ့ကိုယ်သူပင်ထိန်းမရနိုင်။

" ကျွန်တော့်ကိစ္စတွေကိုလိုက်ပြီးအာရုံမစိုက်ပါနဲ့ "

ကောင်လေးရဲ့နှုတ်ဖျားမှရင့်သီးစွာထွက်ကျလာသည့် စကား။ အန်တီ့ရဲ့မျက်နှာဟာလွန်စွာပျက်ယွင်းသွားပြီး တောင်းပန်ခြင်းအပြည့်နဲ့သားဖြစ်သူကိုငေးကြည့်နေသည်အား ရှင်းရှင်းလင်းလင်းတွေ့လိုက်ရသည်။

ᴰᵉᵉᵖˡʸ ⁱⁿ ˡᵒᵛᵉ ʷⁱᵗʰ ʸᵒᵘ ( Hiatus )Where stories live. Discover now