ကျန်းဟာအိုနေမကောင်းပါ။
ဆောင်းဟန်ဘင်းကိုကောင်မလေးတစ်ယောက်နဲ့နမ်းနေတာမြင်လိုက်ရတဲ့နေ့ကတည်းက စိတ်ကလေးဖျားနာနေတာဖြစ်ပါသော်လည်း ယခုတွင်တော့ လူပါဖျားနာနေခဲ့ပြီဖြစ်သည်။
အချိန်အားဖြင့်တစ်ပတ်နီးပါး။ ဒီရက်တွေအတွင်း ဆောင်းဟန်ဘင်းနဲ့မတွေ့ရအောင်ရှောင်နေခဲ့ပြီး သူ့ကိုအကြို၊အပို့လုပ်ပေးဖို့ရန်မလိုအောင် ဆေးရုံကပေးထားတဲ့နားနေခန်းမှာပဲ အချိန်ကုန်ဖြစ်ခဲ့သည်မှာ အိမ်တောင်မပြန်ဖြစ်တော့။
သို့သော် ယနေ့မှာတော့မပြန်လို့မရတော့ချေ။ ဟာအို့ရဲ့နားရက်လေးဖြစ်နေပြီး အိပ်ရေးပျက်တာတွေနဲ့မနားမနေအလုပ်လုပ်ခဲ့တဲ့ဒဏ်တွေပေါင်းပြီး ခန္ဓာကိုယ်ကမလှုပ်ချင်လောက်အောင်နေမကောင်းဖြစ်နေရပြီမလို့ အိမ်ပြန်နားချင်မိသည်ပင်။
ဆေးရုံကလုပ်ဖော်ကိုင်ဖက်တွေကိုတော့ သူဘာမှမပြောဖြစ်ခဲ့။ သူသာပြောလိုက်ရင်ဆေးရုံမှာပဲနေပါဦးဟူ၍တားကြမှာအသေအချာ။ ဒါမှလည်း ဟာအို့ရဲ့ကျန်းမာရေးကိုသူတို့အနီးကပ်ဂရုစိုက်ပေးနိုင်မှာမလို့။
သို့ပေမဲ့ သူကတော့တစ်ယောက်တည်းသာနေပြီးနားလိုက်ချင်သည်။ ကိုယ့်ဘာသာဆေးသောက်ပြီးအိပ်လိုက်ရင်ပျောက်သွားမှာပဲမလို့ ဘယ်သူ့ကိုမှလည်းအလုပ်မရှုပ်စေချင်ခဲ့ပါပေ။
သို့ဖြင့် အိမ်ပြန်ရောက်လာခဲ့ပြီး တံခါးဖွင့်ပြီးတာနဲ့ အိပ်ခန်းထဲပင်မဝင်နိုင်ပဲဧည့်ခန်းကဆိုဖာပေါ်ကိုသာပစ်လှဲချလိုက်မိပါသည်။ တစ်ခုခုစားပြီးဆေးသောက်ရမယ်ဆိုတဲ့အသိကရှိသော်လည်း ခန္ဓာကိုယ်ကမလှုပ်ချင်တော့တဲ့အတွက် ခဏလောက်အိပ်လိုက်ပြီးမှပဲ ကျန်တာဆက်လုပ်တော့မည်ဟုဆုံးဖြတ်လိုက်၏။
ဖူကျန့်မှာဆိုလည်း မိဘတွေနဲ့အိမ်ခွဲနေတဲ့သူ့အတွက် တစ်ယောက်တည်းအဖျားဒဏ်ကိုအံတုရတာမျိုးကမကြုံဖူးတဲ့ဖြစ်ရပ်မဟုတ်သလို သိပ်ပြီးလည်းအဆန်းဖြစ်မနေတော့ပေ။ သို့သော် ယခုတစ်ခေါက်တွင်တော့ထူးဆန်းလှပါသည်။
ပိုပြီးပင်ပန်းတယ်လို့ခံစားရသလို တစ်စုံတစ်ယောက်ကိုမှီခိုချင်တဲ့စိတ်ကလေးကလည်းပေါ်လို့လာသည်။ ထိုတစ်စုံတစ်ယောက်ဟာဖြင့် လွန်ခဲ့တဲ့ရက်ကတင် သူ့ရှေ့မှာတခြားတစ်ယောက်အားကြင်နာခဲ့သူ။
![](https://img.wattpad.com/cover/359814402-288-k482154.jpg)
YOU ARE READING
ᴰᵉᵉᵖˡʸ ⁱⁿ ˡᵒᵛᵉ ʷⁱᵗʰ ʸᵒᵘ ( Hiatus )
Fanfictionငါကိုယ်တိုင်တောင်မသိလိုက်ပါပဲ ရုန်းထွက်မရနိုင်တဲ့နယ်မြေဆီသို့တဖြည်းဖြည်းနစ်ဝင်မိရင်း...။