(Unicode)
လီယာဟာတစ်နေကုန်ကားပတ်စီးရင်းပျင်းလာသဖြင့် လွန်းရဲ့ကျောင်းဆီကိုရောက်သွားသည်။ခပ်လှမ်းလှမ်းမှလွန်းကျောင်းဆင်းလာတာကိုကားပေါ်ကနေမြင်လိုက်သည်နှင့် လွန်းနောက်
တောက်လျှောက်ကို Lamborghini black ကိုCentre ကခဲရောင်တစ်ကြောင်းဖြင့်သထားတဲ့ကားဖြင့် ဖြည်းဖြည်းချင်းလိုက်ပြီး လွန်းရဲ့တစ်နေ့တာ လှုပ်ရှားမှုများကို လိုက်ကြည့်နေပေသည်။လွန်းဟာမျက်နှာပေါ်ကဒဏ်ရာတွေအကုန်ပျောက်သွားပြီဖြစ်သည်။
ထိုကားရဲ့အရှိန်အဝါကြောင့် လီယာဟုထင် ကြေးပေးချင်နေကြတဲ့သူတွေဟာ လီယာစီးနေကျကားမဟုတ်တာကြောင့် အာရုံမထားတော့ပေ။သူမဟာပုံမှန်ဆို Ferrari Sf90 red car ကိုသာစီးပြီး အခုကားကတော့သူမအကြိုက်ဆုံးမို့မစီးဘဲဥထားရာမှ ဒီနေ့မှထုတ်စီးခဲ့တာဖြစ် သည်။
လွန်းဟာအချိန်ပိုင်းအလုပ်၃ခုလောက်ကိုတစ်
ဆက်တည်းလုပ်နေတာကို သူမဟာမြင်တွေ့ခဲ့ရသည်။ ည၁၁နာရီထိုးသွားသည့်အခုအချိန်မှာမှာသူဟာ အလုပ်ပြီးဆုံးသွားသဖြင့် စားသောက် ဆိုင်ထဲမှလွယ်အိတ်လေးလွယ်ကာ ထွက်လာခဲ့သည်။'ပွမ် ပွမ်'
ဟွန်းသံကြားသဖြင့်နောက်သို့လှည့်ကြည့်လိုက်သောအခါ သူ့ရဲ့မမလီယာဖြစ်နေတာကြောင့် အလိုလိုပြုံးမိသွားသည်။ သို့သော်သူဟာရုပ်ပြန်တည်လိုက်သည်။လီယာဟာ လွန်းကိုမကြည့်ဘဲပြောလိုက်သည်။
'တက်'လွန်းဟာစိတ်ထဲ၌ပျော်ရွှင်သွားသော်လည်းသူဟာလွယ်အိတ်လေးကိုပိုက်ကာ ကားပေါ်တက်လိုက်သည်။
ထိုအခါလီယာဟာ လွန်းရဲ့ပါးပြင်လေးကိုပွတ်သပ်လိုက်ရင်း
'အင်း ဒဏ်ရာတွေမရှိတော့ဘူးပဲ'
အင်မတန်နူးညံ့လွန်းပြီးလူကိုရင်ဖိုစေသည့် ထိုအထိအတွေ့ဟာ လွန်းရဲ့စိတ်တွေကိုယိုင်နဲ့သွားစေလေပြီ။သူဟာတစ်ချက်ပြုံးမိသွားသည်။
လီယာဟာ များသောအားဖြင့်လက်တစ်ဖက်ဖြင့်သာကားမောင်းလေ့ရှိသည်။ လက်သည်းနီပန်းရောင်ကိုမှ ကျောက်ပွင့်လေးတွေစီခြယ်ထားတဲ့လက်သည်းရှည်ရှည်သွယ်သွယ်လေးတွေဟာ စီယာတိုင်ကိုလည်း တောက်နေသေး ၏။
YOU ARE READING
My Lia (Completed)
RomanceLiaဆိုတာ ယနေ့ခေတ်ရဲ့လွှမ်းမိုးမှုအရှိဆုံးနာမည်ကြီးဒိတ်ဒိတ်ကြဲဇာတ်ညွှန်းရေးဆရာမတစ်ယောက်~ သူမရဲ့ဇာတ်လမ်းတွေထဲကမင်းသားတွေတိုင်းနဲ့ပွေရှုပ်ပြီးငွေကိုရေလိုသုံးတဲ့ မင်းသမီးတွေရှုံးအောင်သိပ်ကိုလှတဲ့ red flag မမကိုမှတမ်းတမ်းစွဲချစ်နေမိတဲ့ သူမရဲ့ No.1 fan...