(Unicode)
မနက်ခင်းမိုးလင်းသည့်အခါ လွန်းဟာလီယာ့အားဖက်လျက်သူမရင်ခွင်ထဲ၌အိပ်ပျော်နေလေသည်။အရင်နိုးထလာသောလီယာဟာ လွန်းရဲ့မျက်နှာလေးကိုသေချာကြည့်လိုက်ပြီး နဖူးလေးကို နမ်းလိုက်ပြီးနောက် ရင်ခွင်ထဲပြန်ထည့်ဖက်ထားလိုက်သည်။
သူမဟာဖက်ထားလျက်ပဲဖုန်းကိုကောက်ကိုင်ကာမက်ဆေ့ပို့လိုက်သည်။
'ဒီနေ့ငါ့scheduleတွေအကုန်ဖျက်လိုက်
ပြီးတော့လွန်းကိုလည်းခွင့်တိုင်ပေးထား'လွန်းဟာလှုပ်လှုပ်ရှားရှားဖြစ်သွားသည်နှင့်လီယာဟာထပ်မံပွေ့ဖက်ထားလေသည်။
'မ ဘယ် နှစ်နာရီထိုးပြီလဲ'
'၉နာရီ'
'၉နာရီ!!'
လီယာဟာပိုမံတင်းကြပ်စွာဖက်ထားလိုက်ကာ
'လွန်းကိုခွင့်တိုင်ခိုင်းထားတယ်'
'ထပ်အိပ်ချင်ရင်ထပ်အိပ်ဦးလေ'
ထိုအခါလွန်းဟာ လီယာ့အားပြန်ဖက်ထားလိုက်သည်။
'အဲ့ဒါဆို ကျွန်တော်ထပ်အိပ်လိုက်ဦးမယ်'
'ညက မအန်တာတွေကိုကျုံးရ ရှင်းရနဲ့သိပ်မအိပ်ရသေးဘူး'
'သိတယ်လေ အဲ့ဒါကြောင့်အိပ်နေနှင့်ဦးနော်'
'လွန်းအတွက်မနက်စာပြင်ပေးဖို့လုပ်လိုက်ဦးမယ်'
ထိုအခါလွန်းဟာသူမအားဆွဲထားလေသည်။
သူဟာသူ့ကဲ့ပါးပြင်လေးကိုညွှန်ပြလိုက်ကာအနမ်းတောင်းနေလည်။'မွ'
သူမဟာပြုံးပြီးနမ်းလိုက်သည်နှင့်လွန်းဟာကျေနပ်သွားပြီးဆက်အိပ်သွားလေသည်။
သူမဟာမျက်နှာသစ်ပြီးနောက် ချက်ပြုတ်စရာရှိတာချက်ပြုတ်နေပေတော့သည်။ဆံပင်
လေးကိုလည်းဆံထုံးလေးထုံးထားလျက်။ည
တုန်းကကြိုးတစ်လုံးဂါ၀န်လေးနဲ့ပင်။လှီးဖြတ်ပြီးနောက် ဆန်ပြုတ်အားမြည်းကြည့်နေစဉ်နောက်ကျောမှလွန်းဟာသိုင်းဖက်ထားလိုက်သည်။
'နိုးလာပြီလား'
'အင်း'
လွန်းဟာဖက်တွယ်ထားလျက် လီယာ့ရဲ့လည် ပင်းစောင်းလေးကိုနမ်းလိုက်ရင်းဖြေသည်။
YOU ARE READING
My Lia (Completed)
RomanceLiaဆိုတာ ယနေ့ခေတ်ရဲ့လွှမ်းမိုးမှုအရှိဆုံးနာမည်ကြီးဒိတ်ဒိတ်ကြဲဇာတ်ညွှန်းရေးဆရာမတစ်ယောက်~ သူမရဲ့ဇာတ်လမ်းတွေထဲကမင်းသားတွေတိုင်းနဲ့ပွေရှုပ်ပြီးငွေကိုရေလိုသုံးတဲ့ မင်းသမီးတွေရှုံးအောင်သိပ်ကိုလှတဲ့ red flag မမကိုမှတမ်းတမ်းစွဲချစ်နေမိတဲ့ သူမရဲ့ No.1 fan...