My Lia (Part-4)

24 3 0
                                    

(Unicode)
ရက်အနည်းငယ်ခန့်ကြာသော်

‌ခေါင်းလျှော်ရေချိုးသန့်စင်ပြီးတဲ့နောက်မှာ
လွန်းဟာသဘက်ကိုဂုတ်ပေါ်အုပ်လျက် အခန်းထဲမှထွက်လာလေသည်။သူဟာစွပ် ကျယ်လေးကိုသာ၀တ်ထားတော့ သည်။လွန်းဟာ အသားအရည်ပုံမှန်ကိုမှ အရပ်မြင့်မြင့်ကျစ်ကျစ်လျစ်လျစ် သန့်သန့်ပြန့်ပြန့်ကောင်ငယ်လေးတစ်ယောက်ပင်။

'လွန်း ခေါင်းသုတ်ပြီးရင်ဒီကိုလာဦး'

ဘာလဲသိချင်သည့်လွန်းဟာခေါင်းကိုလျင်လျင်မြန်မြန်သုတ်ပြီး လီယာ့ဘေးနားမှာထိုင်
လိုက်သည်။

ရေချိုးပြီးခါစမို့ထင်သည်။လွန်းဟာအင်မတန်မွှေးကြိုင်နေလေ၏။လီယာ့ရေချိုးခန်းထဲမှာချိုးခဲ့တာဆိုသော်လည်းလွန်းဟာ Shampoo ကိုတော့ သူ့ကိုယ်ပိုင်ဟာနဲ့ပဲလျှော်လေ့ရှိတာကြောင့်သူ့ဆီကနေ စံပယ်ပန်းလိုလို သစ်ခွ ပန်းလိုလိုရနံ့လေးသင်း‌နေလေသည်။

လွန်းဟာခေါင်းသုတ်ဖို့အတွက် လက်ကိုမြှောက်လိုက်သည့်အခါ သူဟာချိုင်းမွှေးဟူသည်မရှိ။လွန်းဟာအမှန်တကယ်သန့်သန့်ပြန့်ပြန့်လေး ပင်။

'လွန်း နင့်ကိုငါခေါင်းသုတ်ပြီးမှလာလို့ပြောတယ်လေ အခုနင့်ဆီကShampooအနံ့ကိုငါမကြိုက်ဘူး'

'ဟင်း ဟင်း'
လွန်းဟာသူ့ဟာသူပြန်ရှူကြည့်လိုက်ရင်း

'ဟာမကလည်း ဒီလောက်မွှေးနေတာကို'

ထိုအခါလီယာဟာ လွန်းကိုရေချိုးခန်းထဲသို့
ထပ်မံဆွဲ‌ခေါ်သွားကာ

'ပြန်လျှော် ငါ့shampooပဲသုံး'

'အာ လျှော်ပြီးနေပြီကို'

'လွန်း!!'
လီယာ့ရဲ့ဒေါသသံတစ်ချက်နဲ့အတူ

'ဟုတ်ပါပြီ ဟုတ်ပါပြီ'
လွန်းဟာ ခေါင်းကိုငုံ့ကာ သူမရဲ့Shampoo ဘူးကိုညှစ်ပြီး ခေါင်းထပ်လျှော်လိုက်ရလေသည်။

လွန်းခေါင်းလည်းထပ်ပြီးခြောက်သွားတဲ့အခါမှသူဟာလီယာ့ဘေးနားမှာပြန်ထိုင်လိုက်သည်။

'ပြစမ်း'
လီယာဟာလွန်းရဲ့ခေါင်းနားလေးကိုကိုင်ရင်း
ရှူကြည့်နေလေသည်။

My Lia (Completed)Where stories live. Discover now